ရွှေတောင်မြို့နယ်တွင် ကောက်ညှင်းမွှေး ( ၁၃) ဧကအနက် စံကွက် ( ၃) ဧကရိတ်သိမ်းခြင်းအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ကောက်ညှင်းမွှေး ( ၁၃) ဧကအနက် စံကွက် ( ၃) ဧကရိတ်သိမ်းခြင်းအခမ်းအနားပြုလုပ်





MNP ၊    ဇွန်   ၂၀

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၂၁)  မင်းရွာကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက. တောင်သူ ဦးလင်းလင်း စိုက်ပျိုးထားရှိသည့် ကောက်ညှင်းမွှေး ( ၁၃) ဧကအနက် စံကွက် ( ၃) ဧကရိတ်သိမ်းခြင်းအခမ်းအနားကိုပြုလုပ်ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၊(မြို့နယ်စိုက် /ကြပ်ကော်မတီဥက္ကဌ) နှင့် အဖွဲ့ဝင်များ ၊မြို့နယ်စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုစုပေါင်းအင်အား ( ၈၅) ဦးခန့်တက်ရောက်ခဲ့ပြီး ( ၁) ဧကလျှင် အစိုအထွက်တင်း ( ၁၁၀. ၆၄) တင်း ထွက်ရှိကြောင်းသိရသည်။


ကိုကို မင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)