စစ်ကိုင်းခရိုင်ရုံးတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင်ရုံးတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ


MNP ၊    ဇွန်   ၂၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပါရမီရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူလေး များအား ဖိတ်ခေါ်၍ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ယနေ့ နံနက်(၈)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ဗဟုသုတများရရှိနိုင်စေရန် စာပေဖတ်ရှုလေ့လာကြဖို့လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ/ အတက်ပညာများ ရရှိကာ အမှား/ အမှန် ဝေဖန် ပိုင်းခြားနိုင်မှာဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်းပေးနေလျက် ရှိရာ လာရောက်စာဖတ်ကြပါလို့ ဖိတ်ခေါ်ပါကြောင်း ဆွေးနွေးပြေကြားပြီး ကျောင်းသား/ ကျောင်းသူလေးများအား ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပေးရာ ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူလေးများအား တာဝန် ရှိသူများက အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြကာ ကျောင်းသား/ကျောင်းသူလေးများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “မူးယစ်ကင်းစင် တို့ကျောင်းတစ်ခွင်” ပန်းချီဆုရ နံရံကပ်စာစောင်များ ကိုကြည့်ရှုခဲ့ကြကြောင်း သိရသည်။


စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် ဟောပြောပွဲ များ ဆောင်ရွက်ခြင်း၊ စာအုပ်များအခမဲ့ငှား ရမ်းပေခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက် မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)