Pages

Pages

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော်ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူးကုဆရာဝန်များ (နယ်လှည့်ဆေးကုအဖွဲ့)မှ လေဘေးသင့်ပြည်သူများအား ဆေးကုသပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးစကားပြေားကြား





MNP ၊    ဇွန်   ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူကုဆရာဝန်များ (နယ်လှည့်ဆေးကုသရေးအဖွဲ့)မှ မြေပုံမြို့နယ် ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ လေဘေးသင့် ပြည်သူများအား (အခမဲ့) ဆေးကုသပေးနေမှုများကို ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားသည်။


“မိုခါ”မုန်တိုင်းအလွန် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေ သော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲကျော်အောင်၊ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်တို့က မြေပုံမြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ နေပြည်တော် ပြည်သူ့ ဆေးရုံ (ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင်(သမားတော်)၊ ဒေါက်တာ အောင်စိုးပိုင် (ခွဲစိတ်အထူးကု)၊ ဒေါက်တာ အောင်ကျော်ထက်(အရိုးအထူးကု)၊ ဒေါက်တာ အောင်ကိုကိုမျိုး (ကလေးအထူးကု)နှင့် ဒေါက်တာ ဘိုကိုကိုတို့ အဖွဲ့သည် လေဘေးသင့် ပြည်သူများအား ဆေးကုသပေးနေမှုများနှင့် လေဘေးသင့် ပြည်သူများ ဆေးကုသမှုခံယူနေမှုတို့ကို သွားရောက်ကြည့်ရှုပြီး၊ ဆရာဝန်များနှင့် ဆေးကုသမှု ခံယူနေကြသူများအား အားပေးစကား ပြောကြားကြောင်း သိရသည်။


တင်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment