သထုံမြို့ရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း၏ သင်ကြားသင်ယူမှု စတင်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း၏ သင်ကြားသင်ယူမှု စတင်ခြင်းအခမ်းအနားကျင်းပ






MNP ၊ မေ  ၁

မွန်ပြည်နယ်၊ သထုံမြို့ရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ကြားသင်ယူမှုစတင်ခြင်းအခမ်းအနားကို ယနေ့ နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အဆိုပါကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း၏ သင်ကြားသင်ယူမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ ခရိုင်ပညာရေးမှူး ဦးခဲမိုင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဆင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင်စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းများကို ယခုနှစ်မှစတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး Grade 9 အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများအနေဖြင့် ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းသစ်တစ်ခု တိုးလာခြင်းဖြစ်ကြောင်း၊ကျောင်းသား‌ကျောင်းသူများအနေဖြင့် သုံးနှစ်တက်ရောက်ပြီး အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် စသည့် တက္ကသိုလ်များ၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ စသည်တို့သို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း အထက်တန်းကျောင်းပြီးမြောက်ပြီး အောင်မြင်ခြင်းလက်မှတ်ရလျှင်ပင် သက်ဆိုင်ရာလုပ်ငန်းခွင်များသို အလွယ်တကူဝင်ရောက်နိုင်သည့် အခွင့်အလမ်းများရရှိမည်ဖြစ်ရာ တက်ရောက်သူတို့အတွက် အကျိုးများ‌ကြောင်း ယခုကျောင်းမှသည် နိုင်ငံတော်အတွက် လူသားအရင်းမြစ်များမွေးထုတ်နိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီကြိုးပမ်းစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း(သထုံ)၏ သင်ကြားသင်ယူနေမှုများ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများတို့ကို လိုက်လံကြည့်ရှုကာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး၊ ထပ်မံတက်ရောက်လိုသူများ လက်ခံဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ သထုံခရိုင်နှင့် မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)