Pages

Pages

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွဲလုပ်ငန်း လုပ်နေသူ ၅၁ ဦးနှင့် ကုမ္ပဏီ ၁ ခုအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ထုတ်ပြန်



MNP ၊ ဇွန် ၂၄

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယ ဖြစ်ဖွယ်အထောက်အထားများကို စစ်ဆေးတွေ့ရှိရသောလူပုဂ္ဂိုလ် (၅၁) ဦးနှင့် ကုမ္ပဏီ (၁) ခုအား လည်းကောင်း၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများပေါ်ရှိ အွန်လိုင်းလောင်းကစားခြင်းများအတွက် တရားမဝင်ငွေလွှဲခြင်း၊ ငွေလွှဲလက်ခံခြင်းများဆောင် ရွက်ခဲ့ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသောလူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီ (၂) ခုအားလည်းကောင်း သက်ဆိုင်ရာဥပဒေများ နှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မန္တလေးမြိုပေါ်ရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းအချို့ကို သွားရောက်စစ်ဆေးခဲ့ပြီး ပြည်ပနှင့် တရားမဝင်‌နိုင်ငံခြားငွေလွှဲပို့ခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်း သံသယ ဖြစ်ဖွယ်အထောက်အထားများကို စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     

#MyanmarNationalPost 

No comments:

Post a Comment