သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများစွာ စိုက်ထုတ်သုံးစွဲခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများအောင်မြင်အောင် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများစွာ စိုက်ထုတ်သုံးစွဲခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများအောင်မြင်အောင် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြား



MNP ၊ ဇွန် ၁၉

အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)စီမံကိန်း ပြန်လည်လည်ပတ်နိုင်ရေး ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက် ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက  သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများစွာ စိုက်ထုတ်သုံးစွဲခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများအောင်မြင်အောင် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။


ပြည်ထောင်စုဝန်ကြီးက သံရည်ကျိုမီးဖိုအမှတ်(၂)နှင့် အရွယ်စုံသံမဏိပြားများ ထုတ်လုပ်မည့် (Phase-2)၊ ရောင်စုံအမိုးပြားနှင့် သွပ်အမိုးပြားများထုတ်လုပ်မည့် (Phase-2A)တို့ကို ပြန်လည်လည်ပတ်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်၊ ကုန်ကျစရိတ်၊ ပြီးစီးမည့်အချိန်နှင့် အရည်အသွေး (Work Scope, Cost, Time, Quality)တို့ကို လုပ်ငန်းစဉ်အလိုက် စီမံကိန်းစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် စီမံကိန်းလုပ်ငန်းများဆက်လက်ဆောင်ရွက် နေစဉ်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လျာထားချက်ပြည့်မီအောင် စီမံဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန် ပစ္စည်းများကိုလည်း ကြိုတင်ဝယ်ယူဖြည့်ဆည်းထား ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို သံရည်ကျိုမီးဖိုအမှတ်(၁) ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ၊ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်သုံးသပ်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက်လည်း ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း။


ဆက်လက်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များ ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုတင်တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေး၊ ကျွမ်းကျင်မှုနှင့် နည်းပညာ၊ ဥပဒေ၊ နည်းဥပဒေ၊ စီးပွားရေး စသည့်ရှုထောင့်ပေါင်းစုံမှ ကြည့်ရှုလေ့လာ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများစွာ စိုက်ထုတ်သုံးစွဲခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများအောင်မြင်အောင် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကြီးကြပ်‌ရေးကော်မတီ အဖွဲ့ဝင်များက အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေအပေါ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ စာချုပ်ပါ အချက်အလက်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကိုလည်းကောင်း၊ စက်ရုံတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Phase-2, Phase-2A တို့တွင် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုနှင့် တပ်ဆင်ရန်ကျန်ရှိမှုအခြေအနေ၊ အမိုးအကာပြင်ပမှ စက်ပစ္စည်းများ အမိုးအကာ အောက်သို့ရွှေ့ပြောင်းထားရှိမှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

#မြင်းခြံ #သံမဏိ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)