မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ





MNP ၊    ဇွန်   ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မြို့အဝင်ဆိုင်းဘုတ် အနီးမြေကွက်လပ်တွင် ကျင်းပသည်။


အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်က သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက  သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးတို့အတွက် ချယ်ရီ၊ ထင်းရှူး၊ စွယ်တော်နှင့် အခြားပျိုးပင်စုစုပေါင်း ၃၀၀ ကို မြို့အဝင်ဆိုင်းဘုတ်မှ ပြည်ထောင်လမ်းမကြီးဘေးဝဲယာတစ်လျှောက် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းထူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)