မအီမြို့တွင် အသက် ၅ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း( Booster dose)ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် အသက် ၅ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း( Booster dose)ထိုးနှံ





MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်နှင့် အထက် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆး ထိုးနှံပေးခြင်းကို ကျော်ကိုင်းကျေးရွာအုပ်စုနှင့် ကျောက်ဝေကျေးရွာအုပ်စု အခြေခံပညာကျောင်းများတွင် စုရပ်ထားရှိ၍ ဇွန်လ(၂၆)ရက်နေ့က ကွင်းဆင်းထိုးနှံခဲ့ကြောင်း သိရသည်။ 


ထိုသို့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ အုပ်စုများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ 


ဖော်ပြပါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောက်ဝေကျေးရွာ အထက်တန်းကျောင်းခွဲတွင် စုရပ်ထားရှိ၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကျော်ကိုင်းအုပ်စု၊ ကျောက်ဝေအုပ်စုအတွင်းရှိ ကျော်ကိုင်း၊ ကျောက်ဝေ၊ သိမ်ကျောင်းပြင်၊ အောင်ဆိပ်ပြင်၊ ငှက်ပျောတော၊ ရန်ဒေနှင့် ဝေကျေးရွားများမှ အသက်(၅)နှစ်နှင့် အထက် ကျောင်းသားကျောင်းသူ (၄၄၂)ဦးတို့အား  ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း( Booster dose) ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို အလားတူ ထပ်ဆောင်းကာကွယ်ဆေးများကို ညွှန်ကြားချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)