MNP ၊ ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်းငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရံပုံငွေဖြင့် စိန်ဝတ်မှုံဖြတ်လမ်း (၁) ကွန်ကရစ်ခင်းခြင်း (၄၃၅'×၁၂'×၆") လုပ် ငန်းဆောင်ရွက်ခြင်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
မြန်အောင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း မြို့ပြလမ်း (၇)လမ်း ကွန်ကရစ်ခင်းခြင်း ပေအရှည် (၃၃၄၅)ပေနှင့် Box Culvert (၅)စင်း တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်
https://t.me/MyanmarNationalPost
No comments:
Post a Comment