ရသေ့တောင်မြို့နယ် ၌လယ်သမားများအား စိုက်ပျိုးချိန်အမီထွန်ယက်ပေးနိုင်ရန်စက်မှုလယ်ယာပိုင် ထွန်စက် Brand New အသစ် အစီး(၂၀)ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် ၌လယ်သမားများအား စိုက်ပျိုးချိန်အမီထွန်ယက်ပေးနိုင်ရန်စက်မှုလယ်ယာပိုင် ထွန်စက် Brand New အသစ် အစီး(၂၀)ရောက်ရှိ



MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊နွားတိရိစ္ဆာန်များ သေဆုံးမှုများရှိခဲ့ရာ ယခုနှစ်စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် သဘာဝဘေးပြန်လည်ထူထောင်ရေးအနေဖြင့် ရသေ့တောင်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရခိုင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသည့်တောင်သူများအား New Holland အမျိုးအစား (မြင်းကောင်ရေ-၅၀ရှိ) ထွန်စက်များ​ဖြင့်ထွန်ယက်ပေးသွားမည်ဖြစ်ရာယခုအခါ ရသေ့တောင် မြို့နယ်အတွက်ထွန်စက် အစီး (၂၀)ရောက်ရှိလာပြီဖြစ်၍ ကျေးရွာများအလိုက်  ခွဲဝေချထားဆောင်ရွက်ခဲ့သည်။


ရသေ့တောင် မြို့နယ်အတွင်း မယူကမ်း (၁၄) စီး၊ မိုးစဲကျွန်း(၃)စီး၊ မြို့မနယ်မြေ(၃)စီးဖြန့်ဝေပေးခဲ့သည်။ဆက်လက်ပြီးထွန်စက်များဖြင့် ထွန်ယက်လိုသောတောင်သူများအနေဖြင့် မိမိထွန်ယက်မည့်ဧကအတွက် ကျသင့်မည့်စက်မောင်းဆီကို ကျခံရမည်ဖြစ်ပြီး ၊ဌာနမှ ထွန်စက်မောင်းနှင့် ထွန်စက်ငှါးရမ်းခအတွက် နိုင်ငံတော်စရိတ်ဖြင့် အခမဲ့ကျခံပေးသွားမည်ဖြစ်ကြောင်းနှင့်ထွန်စက်များ၏စွမ်းဆောင်ရည်အနေဖြင့် တစ်ရက်လျှင် ၄ ဧက(ထယ်+ထွန်=တစ်စပ်စီ) ခန့် ထွန်ယက်နိုင်ပြီး ဆီစားနှုန်းအနေဖြင့် ၁ ဧက (ထယ်/ထွန်=တစ်စပ်သာ) လျှင် ဒီဇယ် ၂ ဂါလံခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရှိရပါသည်။ 


ငှါးရမ်းလိုသူတောင်သူများအနေဖြင့် မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အမြန်ဆုံးဆက်သွယ်လျှောက်ထားရန်လိုအပ်ကြောင်း ရသေ့တောင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှအဖွဲ့ထံမှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)