ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်း ငွေကြေးအထောက်အပံ့ရယူ၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်နေသော Brave Eagle အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်း ငွေကြေးအထောက်အပံ့ရယူ၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်နေသော Brave Eagle အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ
















MNP ၊ ဇွန် ၁၀

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက် ၁၂၀၅ နာရီတွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းအခွန်များဦးစီးမှူးရုံး၊ (၃)လွှာရှိ ကုမ္ပဏီများ ဆိုင်ရာအခွန်ဌာန၊ အများပြည်သူများ ထိုင်ရန်ပြုလုပ်ထားသည့် စတီးထိုင်ခုံ များဘေးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခွန်ဌာနမှ ဝန်ထမ်း ၅ ဦးနှင့် ပြည်သူ ၁ ဦးတို့တွင် (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။


အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများ အား ဖမ်းဆီးရမိရေးအတွက် မြေပြင်သတင်းဖော်ထုတ်မှုများအရ တရားခံသည် ဇွန်လ ၅ ရက် နေ့လည်ပိုင်းတွင် ပန်းဆိုးတန်းလမ်းပေါ်မှ အခွန်ဦးစီးမှူးရုံးသို့ နီ/ညိုရောင် လက်ဆွဲအိတ်နှင့် စက္ကူဖိုင် ၁ ခု တို့အား ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တတိယထပ်ရှိ စတီးထိုင်ခုံ၌ ၂ မိနစ်ခန့်ထိုင်၍ လက်ဆွဲအိတ်အား ထိုင်ခုံ ဘေးတွင်ချထားကာ အဝေးမှ ရီမုဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။


သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်ဖြစ်ပွားရာနေရာဝန်းကျင်တွင် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်၍ အကြမ်းဖက်သမားများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်းအဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင် သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန်လ ၇ ရက် နံနက်ပိုင်းတွင် ရီမုမိုင်း ဖောက်ခွဲခဲ့သည့် တရားခံသည် ကြည့်မြင်တိုင်မြို့နယ်၊ အုန်းပင်လမ်းနှင့် ဗိုလ်သူရလမ်းပေါ်ရှိ တိုက်အမှတ်(၂၇)၊ (၂)လွှာ၊ အခန်း(B)တွင် နေထိုင်ကြောင်း သိရှိရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး တိုက်ခန်းအတွင်း လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ တရားခံ အသုံးပြုခဲ့သည့် အင်္ကျီနှင့် ပုဆိုးတို့အား သိမ်းဆည်းရမိခဲ့သည်။


တရားခံသည် အဆိုပါ တိုက်ခန်းအား အိမ်ခြံမြေပွဲစားမှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ  ၁ လလျှင် ၂ သိန်းခွဲကျပ်ဖြင့် ငှားရမ်းနေထိုင်ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဇွန်လ ၈ ရက် ညနေပိုင်းတွင် ငှားရမ်းနေထိုင်သူ အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း အား ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း တောင်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း ၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်ရှိ၊ အောင်သပြေ(၃)ဟိုတယ်၊ အခန်းအမှတ်(၂၁၇)တွင် ပြည်တွင်းအခွန်များဦးစီးမှူးရုံး၌ ရီမုမိုင်းထောင်ဖောက်ခွဲခဲ့သည့် တရားခံ အောင်မြင့်မြတ်(ခ)ပြည့်ဖြိုးအောင် (ခ) Mood နှင့် ဓနနောင်ဝင်း (ခ) ရှိုင်းထက်ကိုကို(ခ) Roke တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း၏ ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် လှိုင်မြို့နယ်၊ (၃)ရပ်ကွက်၊ တိုက်အမှတ်(၁၀)၊ အခန်း(၇)၌ တရားခံ ကျော်စည်သူ(ခ)Jack အား ဖမ်းဆီးရမိခဲ့ပြီး ကျော်စည်သူ(ခ)Jack ၏ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် ညနေပိုင်းတွင် ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း(၈)လမ်းအထက်၊ တိုက် အမှတ်(၇၂)၊ အခန်းအမှတ်(3A)တွင် အကြမ်းဖက်လုပ်ငန်းများတွင်ပါဝင်သော  တရားခံ အောင်ခန့်ပိုင်(ခ)ဝီလီယံ အား ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် လက်လုပ်မိုင်း ဖောက်ခွဲခဲ့သည့် တရားခံ ကျား ၅ ဦးနှင့်အတူ လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်ဗုံး ၁ လုံးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရာခံများ၏ ထွက်ဆိုချက်အရ တရားခံ အောင်မြင်သူ(ခ) အောင်လှိုင်ဝင်းသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် Dark Shadow အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ(ခ)ပန်ဒါမှ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် STF အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ နွေနွေ၊ ယသော် တို့နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း၊ ၎င်းတို့မှ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်သည့် လက်နက်/ခဲယမ်းနှင့်ငွေကြေးများ ထောက်ပံ့ ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ဖမ်းဆီးရန်ကျန် တရားခံ နွေနွေ ၏ ခိုင်းစေမှုဖြင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် Brave Eagle အမည်ခံအကြမ်းဖက်အဖွဲ့အား အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း ခေါင်းဆောင်၍ ကျော်စည်သူ(ခ)Jack ၊ ဓနနောင်ဝင်း(ခ) ရှိုင်းထက်ကိုကို (ခ)Roke ၊ အောင်မြင့်မြတ်(ခ) ပြည့်ဖြိုးအောင်(ခ)Mood၊ အောင်ခန့်ပိုင်(ခ) ဝီလီယံ တို့အပါအဝင် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ Brave Eagle အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် ရန်ကုန်မြို့နယ်အတွင်း၌ အကြမ်းဖက်ဖောက်ခွဲမှု ၇ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ နွေနွေ၏ စေခိုင်းမှုဖြင့် အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း မှ အလုံမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲရာတွင် အောင်မြင့်မြတ် (ခ) ပြည့်ဖြိုးအောင် (ခ)Mood နှင့် ဓနနောင်ဝင်း (ခ) ရှိုင်းထက်ကိုကို(ခ) Roke တို့မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။

ဇူလိုင်လ ၁၂ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ နွေနွေ၏ စေခိုင်းမှုဖြင့် ကျော်စည်သူ(ခ)Jack မှ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်၊  ယာဉ်ထိန်းရဲရုံးအနီး ရီမုမိုင်းဖြင့် ဖောက်ခွဲရာတွင် အောင်မြင်သူ (ခ) အောင်လှိုင်ဝင်း၊ အောင်မြင့်မြတ် (ခ)ပြည့်ဖြိုးအောင် (ခ)Mood နှင့် ဓနနောင်ဝင်း(ခ) ရှိုင်းထက်ကိုကို(ခ)Rokeတို့မှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း။

ဇူလိုင်လ ၁၅ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ(ခ)ပန်ဒါ ၏ စေခိုင်းမှုဖြင့် အောင်မြင်သူ(ခ) အောင်လှိုင်ဝင်း နှင့် ကျော်စည်သူ (ခ)Jack တို့ ၂ ဦးသည် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်းရှိ စမ်းချောင်းမြို့နယ် တရားရုံးအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲရာတွင် အောင်မြင့်မြတ် (ခ)ပြည့်ဖြိုးအောင် (ခ)Mood ၊ ဓနနောင်ဝင်း(ခ) ရှိုင်းထက်ကိုကို(ခ)Roke နှင့် အောင်ခန့်ပိုင် (ခ) ဝီလီယံ တို့မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။

ဩဂုတ်လ ၂၁ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ(ခ) ပန်ဒါ ၏ စေခိုင်းမှုဖြင့် ကျော်စည်သူ (ခ)Jack သည် တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံးအား မိုင်းထောင်ဖောက်ခွဲရာတွင် အောင်မြင်သူ(ခ) အောင်လှိုင်ဝင်း မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ(ခ)ပန်ဒါ ၏ စေခိုင်းမှုဖြင့် အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း သည် ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနရုံး ယာဉ်ရပ်နားသည့် နေရာအား လက်လုပ်မိုင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲရာတွင် အောင်မြင့်မြတ် (ခ) ပြည့်ဖြိုးအောင် (ခ) Mood၊ ဓနနောင်ဝင်း(ခ) ရှိုင်းထက်ကိုကို (ခ) Roke၊ ကျော်စည်သူ (ခ)Jack နှင့် အောင်ခန့်ပိုင်(ခ) ဝီလီယံ တို့မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

ဧပြီလ ၉ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ နွေနွေ ၏ စေခိုင်းမှုဖြင့် အောင်မြင့်မြတ်(ခ) ပြည့်ဖြိုးအောင်(ခ) Mood သည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ဝင်းအတွင်း၌ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့သည့်အတွက် သိမ်းဆည်းသွား ခဲ့ကြောင်း။

ဇွန်လ ၅ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ နွေနွေ ၏ စေခိုင်းမှုဖြင့် အောင်မြင့်မြတ်(ခ)ပြည့်ဖြိုးအောင် (ခ)Mood သည် ကျောက်တံတား မြို့နယ်၊ (၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းအခွန်များ ဦးစီးမှူး ရုံး၏ အပေါ်ထပ်(၃)လွှာ ကုမ္ပဏီများဆိုင်ရာအခွန်ဌာန၊ အများပြည်သူ များ ထိုင်ရန်ပြုလုပ်ထားသည့် စတီးထိုင်ခုံများဘေးတွင် ရီမုမိုင်းချထား ခဲ့ပြီး  ကျော်စည်သူ (ခ)Jack မှ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲရာတွင် အောင်မြင်သူ(ခ) အောင်လှိုင်ဝင်း၊ ဓနနောင်ဝင်း (ခ)ရှိုင်းထက်ကိုကို (ခ) Roke၊ အောင်ခန့်ပိုင် (ခ)ဝီလီယံ တို့မှ အခြေအနေကြည့်ရှုပေးခဲ့ ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ဖမ်းဆီးရမိ တရားခံ အောင်မြင်သူ(ခ) အောင်လှိုင်ဝင်းသည် ဖမ်းဆီးရန်ကျန် တရားခံ ချမ်းငြိမ်းသူ(ခ)ပန်ဒါ၏ ချိတ်ဆက်ပေးမှုဖြင့် ဖမ်းဆီးရန်ကျန် တရားခံပြေး NLD ပါတီဝင်ဟောင်း မျိုးရန်နောင်သိမ်း ထံမှ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်ဝယ်ယူရန် ငွေကျပ် သိန်း ၅၀ အားရရှိခဲ့ကြောင်း၊ ၎င်းငွေများအား ပစ္စတိုသေနတ်ဝယ်ယူရန် ချမ်းငြိမ်းသူ(ခ) ပန်ဒါထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ မိုင်းထောင်ဖောက်ခွဲမှုများ ဆောင်ရွက်ရာတွင် ဖမ်းဆီးရန်ကျန် တရားခံ နွေနွေနှင့် ချမ်းငြိမ်းသူ(ခ)ပန်ဒါ တို့ ၂ ဦးမှ ငွေကြေး ထောက်ပံ့ပေးလျက်ရှိပြီး လက်လုပ်မိုင်း ဖောက်ခွဲမှု ၁ ကြိမ်လျှင် ဖောက်ခွဲသူအား ငွေကျပ် ၁ သိန်းနှုန်းဖြင့် လည်းကောင်း၊ အခြေအနေကြည့်ရှုပေးသူ အား ငွေကျပ် ၃ သောင်းနှုန်းဖြင့် လည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။


Brave Eagle အမည်ခံအကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ဗဟန်းမြို့နယ်၊ Mytel တာဝါတိုင်နှင့် ဒဂုံမြို့သစ်(အရှေိ့ပိုင်း)မြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအား မိုင်းထောင်ဖောက်ခွဲရန် စီစဉ်ထားရှိကြောင်း ဖော်ထုတ်သိရှိရသည်။


အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)