တပ်မတော်သား အငြိမ်းစား တစ်ဦးအား CDM လုပ်ကြံ၍ ဖမ်းဆီးကာ နံရိုးငါးချောင်း ကျိုးအောင် ရိုက်ခဲ့သည့် ရဲအရာရှိများကို အရေးယူဆောင်ရွက်ပေးခြင်း မရှိဟု ကာယကံရှင်ကိုယ်တိုင် ဆက်သွယ်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သား အငြိမ်းစား တစ်ဦးအား CDM လုပ်ကြံ၍ ဖမ်းဆီးကာ နံရိုးငါးချောင်း ကျိုးအောင် ရိုက်ခဲ့သည့် ရဲအရာရှိများကို အရေးယူဆောင်ရွက်ပေးခြင်း မရှိဟု ကာယကံရှင်ကိုယ်တိုင် ဆက်သွယ်ပြောကြား







MNP ၊ ဇွန် ၂၇

မင်းဘူးမြို့နယ်တွင် NLD ပါတီဝင်လည်း မဟုတ်၊ NLD ပါတီကို ထောက်ခံအားပေးခြင်းလည်း မရှိသော တပ်မတော်အငြိမ်းစာ ဦးဟန်ထွန်းအား ရဲတပ်ဖွဲ့က ခိုးမှုတစ်ခုဖြင့် အမှုစဉ် ဖမ်းဆီးပြီး ရိုက်နှက် ညှဉ်းပမ်းကာ ဦးဟန်ထွန်း ၏ ဖုန်းကို သိမ်းဆည်းရယူပြီး ရဲအရာရှိများကိုယ်တိုင်က Facebook လူမှုကွန်ရက်တွင် ဦးဟန်ထွန်း Share ထားသည့် The Irrawaddy သတင်းတစ်ပုဒ်တွင် ၂ကြိမ် တိုင်တိုင် Edit ပြုလုပ်၍ CDM လှုံ့ဆော်သူအဖြစ် ၅၀၅-က ဖြင့် အမှုစဉ် ထောင်ချရန် ကြိုးပမ်းခဲ့သည်။

(ထိုသို့ လုပ်ဆောင်ခဲ့သည်များကို မြန်မာနေရှင်နယ်ပို့စ် ၏ သတင်းများတွင် ဖော်ပြခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း တပ်မတော်သား အငြိမ်းစား တစ်ဦးအပေါ် ရဲအရာရှိများ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က မေးမြန်းခဲ့ပြီးဖြစ်ပါသည်။) 

မင်းဘူးမြို့ပေါ်တွင် NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများ၏ CDM လှုံ့ဆော်မှုတွင် အမှန်တကယ် ပါဝင်ခဲ့သူများကို ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးခြင်း၊ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ တပ်မတော်သား အငြိမ်းစား ဦးဟန်ထွန်းကို မူ CDM လှုံ့ဆော်သည့် စာသား လုပ်ကြံဖန်တီးရေးသား၍ ဖမ်းဆီးနှိပ်စက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်သည့်အပေါ် ဦးဟန်ထွန်း ၏ အမျိုးသမီးကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြခဲ့ရာ ဦးဟန်ထွန်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး တပ်မတော် ဆေးရုံတွင် တက်ရောက် ကုသခဲ့ရာ ရဲအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် နံရိုးငါးချောင်း ကျိုးခဲ့ပြီး ယနေ့တိုင်အောင် ဒုက္ခိတအဖြစ်ဖြင့် ရှင်သန်နေရသည်။

ထိုသို့ ပြည်သူအပေါ် ဥပဒေမဲ့ လုပ်ကြံတရားစွဲဆိုမှု၊ CDM လှုံ့ဆော်သည့် စာသား ဖန်တီးရေးသားမှုနှင့် ပတ်သက်၍ ပြန်လည်တိုင်ကြားရာတွင် အရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ ထိုသို့ အပြစ်မဲ့ ပြည်သူတစ်ဦးအပေါ် ရက်စက်ယုတ်မာခဲ့သူများကို ရာထူးတိုးပေးခဲ့သည့်အပေါ် ၂၅-၆-၂၀၂၃ ရက်နေ့ ညပိုင်းက ဦးဟန်ထွန်း က ဖုန်းဆက်၍ "ညီလေး အကို ပြောပါရစေကွာ။ အကို့မှာ ယနေ့တိုင်အောင် ဒုက္ခိတဖြစ်နေတယ်ကွာ။ တရားမျှတမှုအတွက် တောင်းဆိုတာလည်း ဘယ်လိုမှ မရဘူးကွာ။ အခု အဲဒီလူတွေက လိုင်းကြေးကောက်တာတွေ ပေါ်ပေါ်ထင်ထင်ပဲ လုပ်နေကြပြီ။ အကို ကတော့ တရားမျှတမှု မရရင် ကိုယ်တိုင်ပဲ လက်စားချေချင်တယ်ကွာ" ဟု ဆက်သွယ်ပြောဆိုလာသည့်အပေါ် ထိုသို့ လုပ်ဆောင်ရန် မသင့်ကြောင်း နှစ်သိမ့်ဆွေးနွေး ပြောဆိုခဲ့သည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)