စလင်းမြို့နယ် ရုံးပင်ကန်(တောင်) ကျေးရွာအုပ်စု(၁၀)အုပ်စုမှ အိမ်ထောင်စု (၈၂၃) အိမ်ထောင်စုအား ကိုးရီးယားသမ္မတနိုင်ငံ (Climate Change Center)(CCC)၏အစီအစဥ်ဖြင့် စွမ်းအားမြှင့် မီးဖိုများဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် ရုံးပင်ကန်(တောင်) ကျေးရွာအုပ်စု(၁၀)အုပ်စုမှ အိမ်ထောင်စု (၈၂၃) အိမ်ထောင်စုအား ကိုးရီးယားသမ္မတနိုင်ငံ (Climate Change Center)(CCC)၏အစီအစဥ်ဖြင့် စွမ်းအားမြှင့် မီးဖိုများဖြန့်ဝေ



MNP ၊    ဇွန်   ၂၉

မကွေးတိုင်းဒေသကြီး စလင်းမြို့ ရုံးပင်ကန်(တောင်)ကျေးရွာ အုပ်စုရှိ အိမ်ထောင်စု(၈၂၃) အိမ်ထောင်စုအား ကိုးရီးယားသမ္မတနိုင်ငံ (Climate Change Center)(CCC)၏အစီအစဥ်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစီမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစား အခြား လောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖြစ် တောတောင်ကြိုးဝိုင်းများနှင့်နီးစပ်သည့် ကျေးရွာအုပ်စု(၂၆)အုပ်စုတို့မှ ရုံးပင်ကန် ကျေးရွာအုပ်စုအား ဇွန်လ(၂၆)ရက်နေ့လည် ၂ နာရီအချိန်က ရွာလည်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။


စလင်းမြို့နယ် ရုံးပင်ကန်(တောင်)ကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၈၂၃)အိမ်ထောင်စုတို့အား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်း၊ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေနှင့် တောအုပ်ကြီးများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများ တက်ရောက်ကြပြီး ရှေးဦးစွာမင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်းက စွမ်းအားမြှင့် မီးဖိုများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


 ဆက်လက်၍ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေက သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးနှင့်ထင်းအစား အခြားလောင်စာ သုံးစွဲရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကာ၊ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သစ်တောမူဝါဒ(၆)ချက်ဖြစ်တဲ့၊ (၁)ကာကွယ်ခြင်း (၂)ထာဝစဥ်တည်တံနေခြင်း (၃)အခြေခံစားဝတ်နေရေး လိုအပ်ချက်များဖြည့်ဆည်းပေးရေး (၄)စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေး (၅)ပြည်သူတို့က ပူးပေါင်းဆောင်ရွက်လာစေခြင်း (၆)ပြည်သူအတွင်း နိုးကြားထကြွသည့်အသိ ရှင်သန်နေစေခြင်းစသည့် မူဝါဒ(၆)ချက်ဖြစ်သည့် (စ.တ.ထ.ရ)နဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း ကျေးလက်နေ ပြည်သူများကို နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့ကာ မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်းနှင့် မြို့နယ်ဦးစီးအရာရှိဦးညွှန့်ရွှေနှင့် တောအုပ်ကြီးများက စွမ်းအားမြင့်မီးဖို(၈၂၃)လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၆)အုပ်စုတို့မှ အိမ်ထောင်စုများအား မီးဖိုစုစုပေါင်း (၆၀၀၈)လုံးတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရှိရသည်။


(မောင်လွင်)စလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)