တမူးမြို့နယ်၊ ကျွန်းတောရေရှင်ကျေးရွာရှိ CNF နှင့် PDF ပူးပေါင်းအဖွဲ့က သံဃာတော်တစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့နယ်၊ ကျွန်းတောရေရှင်ကျေးရွာရှိ CNF နှင့် PDF ပူးပေါင်းအဖွဲ့က သံဃာတော်တစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ

 



MNP ၊ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကျွန်းတောရေရှင်ကျေးရွာရှိ CNF နှင့် PDF ပူးပေါင်းအဖွဲ့က ၄-၆-၂၀၂၃ ရက်နေ့က သံဃာတော်တစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယမန့်နေ့ မနက်ခင်း(၉)နာရီခန့်တွင် တမူးမြို့နယ်၊ ဝိတုတ်ရွာ၊ သုခကာရီကျောင်း ဆရာတော် အရှင်သုမင်္ဂလသည် ရေချိုးပြီးလှေကားပေါ်အတက် ခြေချော်လဲကျရာ ခြေထောက်အရိုးကျိုးဒဏ်ရာ ရရှိထားသဖြင့် ကလေးမြို့သို့ နောက်ပါးရဟန်းနှစ်ပါးနှင့်အတူ ဆေးကုသမှုခံယူရန် ထွက်ခွါလာစဉ် တမူးခရိုင်အဆုံး ကျွန်းတောရေရှင်ဂိတ်အရောက်တွင် ချင်းလက်နက်ကိုင် (CNF)အဖွဲ့အစည်းက ရဟန်းတော်သုံးပါးလုံးကို ကားနဲ့အတူ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖမ်းဆီးရန် တမူးခရိုင် PDF တပ်ရင်း အမှတ်(၁) (၂)ပူးပေါင်းအဖွဲ့က စေခိုင်းခြင်းဖြစ်ကြောင်း၊ အခြားသံဃာတော်များကို ပြန်လွှတ်ပေးခဲ့ပြီး ဆရာတော် အရှင်သုမင်္ဂလ ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

တမူးမြို့နယ်၊ ကျွန်းတောရေရှင်ရွာရှိ ချင်းလက်နက်ကိုင်(CNF)အဖွဲ့က ဖမ်းဆီး၍ တမူးခရိုင် PDFတပ်ရင်း ( ၁/၂)ပူးပေါင်းအဖွဲ့က ထိန်းသိမ်းထားကြောင်း၊ ရဟန်းတော် နှစ်ပါးပြန်လည်လွတ်မြောက်လာခဲ့ပြီး ဝိတုတ်ရွာဆရာတော်ကို ဆက်လက်စစ်ဆေးစရာရှိသေးလို့ ခေါ်ထားတယ်ဟု ပြန်လည်လွတ်မြောက်လာသည့် ဆရာတော်များထံမှ စုံစမ်းသိရှိရသည်။

ဝိတုတ်ရွာဆရာတော်အား ဖမ်းဆီးထားသည့် တမူးခရိုင် PDF အမှတ်(၁/၂) ပူးပေါင်းအဖွဲ့ခေါင်းဆောင်တို့မှာ၂၀၂၀ ရွေးကောက်ခံ NLDလွတ်တော်အမတ်ဟောင်း ထန်ဆေးနှင့်( ၂၀၁၅/၂၀၂၀)တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်နိုင်ဝင်းတို့က အဓိကခေါင်းဆောင်များဖြစ်ကြောင်း နယ်မြေဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး အဖမ်းခံရမှုသည် တမူးမြို့နယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ရာ ဗုဒ္ဓဘာသာခေါင်းဆောင်များအပြင် အခြားဘာသာရေးခေါင်းဆောင်များလည်း ဆရာတော် ပြန်လည်လွတ်မြောက်လာရေး ဝိုင်းဝန်းကြိုးပမ်းအဖြေရှာသင့်သည်ဟု နယ်စပ်ဒေသခံတစ်ဦးက ပြောသည်။

တမူးမြို့နယ်၊ ဝိတုတ်ရွာဆရာတော် အဖမ်းခံရမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောင်းထိုင်ဆရာတော်များအဖွဲ့ကလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းများထံ မေတ္တာရပ်ခံတောင်းဆိုထားသည်ကို  တွေ့ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)