ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP ၊    ဇွန်   ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင် စုရာထူးဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီ အချိန် လူထု အခြေ ပြုဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး တာဝန်ပေး ဦးမြင့်ခိုင်က  ရုံးလုပ်ငန်း၏ သဘောတရားများ နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး  ဝန်ထမ်းများက ပြည်ထောင်စုရာထူးဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ပါ အကြောင်းအရာများဖြစ်သော  ဝင်စာများကို အရေးယူ ဆောင်ရွက်ခြင်း ၊  ထွက်စာ များကို အရေးယူဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း ၊ မှတ် တမ်း ထိန်းသိမ်းခြင်း ၊ ပစ္စည်းမှာ ယူထိန်းသိမ်းခြင်း နှင့် သုံးစွဲခြင်း စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက် အ လက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။ 


အောင်ကျော်စိန် ၊ သက်လွင်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)