ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ



MNP ၊    ဇွန်   ၁၄

လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့်မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နေ့လယ် ၁ နာရီက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ်သည်။


အဆိုပါ(Talk Show ) တွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် နှင့် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုး တို့က မူးယစ်ဆေးဝါး၏ အဓိပ္ပယ်၊ မူးယစ်ဆေးဝါး၏ သမိုင်းကြောင်းနှင့် သုံးစွဲပုံအဆင့်ဆင့် ပြောင်းလဲလာပုံများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်​ဆေးအန္တရာယ် ရှောင်ကြဥ်ဖွယ်၊ ဆေးဝါးသုံးစွဲသူဘဝ မရောက်ရှိစေရန် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များဆွေးနွေးကြသည်။


ထို့​ပြင် မူးယစ်ဆေးဝါးပြဿနာသည် လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း ထိခိုက်ခြင်း သာမက နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်း လက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝအမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးကြသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)