ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အဖြူရောင်အန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အဖြူရောင်အန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ်


MNP ၊    ဇွန်   ၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် online မှ အဖြူရောင်အန္တရာယ် သိကောင်းစရာ အသိပညာပေး (Talk Show) ကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဒေါ်ဇာဇာလှိုင်းက  ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် ဒုဦးစီးမှူး ဒေါ်ဇာဇာလှိုင်းက အဖြူရောင်အန္တရာယ်အကြောင်း သိကောင်းစရာ များအား မေးမြန်းဆွေးနွေးရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုဦးစီးမှူး  ဒေါ်ဟေမာဆွေက ပလတ်စတစ်အကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု၊ စွန့်ပစ်ပလတ်စတစ်အမှိုက်များကြောင့် ဆိုးကျိုးများ၊ ပလတ်စတစ်အမှိုက်‌ ကြောင့် ထိခိုက်ခံစားရသူများ စသည့်အချက်များကို အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


သက်ဟန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)