Pages

Pages

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်းဆောင်ရွက်


MNP ၊    ဇွန်   ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ စာကောင်းပေကောင်းများဖတ်ပြီး ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း”   စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို (Youth Club) အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က  လူထုအခြေပြုဗဟိုဌာန   (Community  Centre)  ခန်းမ၌   ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယခုစာအုပ်ကိုဖတ်ပြီး လူငယ်များ မိမိကိုယ်ကို မြင့်မားအောင် ပျိုးထောင်တည်ဆောက်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကို ပြောကြားပြီး  နန်းရွှန်းလဲ့လဲ့၀င်းက “ခွန်အားလေးပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နန်းစုမြတ်နိုးမှ “‌‌နေ့သစ်တိုင်းဟာ‌ အောင်မြင်ခြင်း” ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး လူငယ်များ၏ ဆွေးနွေးချက်ကို ပြည့်စုံအောင် မြို့ဉီးစီးမှူး ဒေါ်စုစုဝင်းက  ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်လူရွယ်နှင့်ပြည်သူများကို စာပေမှအသိပညာ အတွေးခေါ်များမြင့်မားစေရန် စာအုပ်စာပေများကို ငှားရမ်းပေးခြင်း၊ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို ရပ်ကွက်နှင့်ဌာနဆိုင်ရာရုံးများတွင် သွားရောက်ငှားရမ်းပေးခြင်း၊ ရုံးတွင်း စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများနှင့် အခြားပြပွဲပြိုင်ပွဲများကိုလည်း လစဉ်ပုံမှန် ဆောင်ရွက်ပေးကြောင်း သိရသည်။


ဇော်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment