ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်



MNP ၊    ဇွန်   ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက

“စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လည်(၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က စာကြည့်တိုက်များကို ပုံမှန်စစ်ဆေးခြင်း၊ ထားသိုမှုစနစ်၊ မှတ်သားမှုစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက စစ်ဆေးခြင်းနှင့်ထိန်းသိမ်းခြင်းလုပ်ငန်း၊ စာအုပ်များလေလွင့်ပြုန်းတီးမှု မဖြစ်စေရန် လိုက်နာရမည့်အချက်များ၊ စစ်ဆေးမှုစနစ်၊ စစ်ဆေးချိန်သတ်မှတ်ခြင်း၊ မှတ်တမ်းပြုစုခြင်း / စိစစ်ဖော်ထုတ်ခြင်းစသည့် ခေါင်းစဉ်များတွင်ပါဝင်သည့် အချက်အလက် အကြောင်းအရာများကို တစ်ဉီးချင်း ဖတ်ကြားခဲ့ကြ

ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)