MNP ၊ ဇွန် ၂၂
သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club မှ ပြုလုပ်သည့် စုန်ဆန်စီးမျော စာပေတော စာပေစကားဝိုင်းအမှတ်စဉ်(၃၅)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန ( Community Centre) ၌ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club ဥက္ကဌ ဦးစောလှိုင်(ဒွါရာဝတီ မောင်ပု) က စုန်ဆန်စီးမျော စာပေတော စာပေစကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီး မျက်လုံးမမြင်သောသူ မီးအိမ်ဆွဲခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကဗျာဆရာဆောင်းသစ်(သံတွဲ)က “ကြည်အေး”၏ တစ္ဆေကဗျာ အား ချဉ်းကပ်ခံစားခြင်း၊ မောင်လူအေး(စီးပွါးရေး)က ရေးသူ၊ ဖတ်သူ တို့၏ခံစားချက်များ ၊ ဖီးနစ်(သံတွဲ)က ဖီးနပ်ငှက်၏အလွမ်းကဗျာ ၊ ခင်မောင်နိုင်(ဝေဒ)က စာဖတ်သူများသို့နှင့် မြန်မာသဒ္ဒါရေးနည်းဆိုင်ရာများ ၊ လေးဝတီထွန်းရွှေက ဥဩငှက်၏ သာယာသောအသံနှင့် ၊ကျီးငှက်တို့၏သဘာဝဆိုင်ရာများ၊စာရေးဆရာလှဝင်းက စာပေလေ့လာ ရေးသားခြင်းဆိုင်ရာများနှင့် Book Clubအဖွဲ့ နာယကများဖြစ်ကြသည့် အောင်(သံတွဲ)က စာပေနှင့်အနုပညာ၊ မြင့်စိုးကြည်(သံတွဲ)က စာပေရေးသားမှု၊ ဖတ်ရှုလေ့လာခံစားခြင်းဆိုင်ရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးသည် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများနှင့်သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment