Pages

Pages

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်များပြသ






MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင် များ ပြသခြင်းကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ က မူးယစ်ဆေးဝါးအကြောင်းကို ပြောကြားရာတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသည် ကိုယ်ခန္ဓာကို တစ်နည်းနည်းဖြင့် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ သုံးစွဲသူသည် ဆေးဝါးအပေါ်စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေခြင်း စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စာအုပ်ပြပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ကျောင်းသူများက ခင်းကျင်း ပြသထားသော သုတ၊ရသ စာအုပ်များကိုစိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြပြီး မူးယစ်ဆေးဝါး နှင့် ပတ်သက်သော နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကိုလည်းပြသရာ မူးယစ်ဆေးဝါးများ အကြောင်း ကို ကျောင်းသား၊ကျောင်းသူများက စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုခဲ့ကြသည်။


ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး Talk Show ပြုလုပ်ခြင်း၊ အသိပ ညာပေးဟောပြောခြင်း၊နံရံကပ်စာစောင်ဓါတ်ပုံပြပွဲများကိုဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment