Pages

Pages

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ




MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနCommunity Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လယ်(၂) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 


ရှေးဦးစွာမြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင် က စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ပြိုင်ပွဲ ၏ စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ 

စစ်တုရင်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ မူလတန်းအဆင့် နှင့် အလယ်တန်းအဆင့် ကျောင်းသား (၂၀)ဦးမှ ဝင်ရောက် ယှဉ်ပြိုင်သွားပြီးစစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ် နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကိုတိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကိုအထောက် အကူ ပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ပြီး စာကြည့်တိုက် ၊ စာအုပ်စာပေများနှင့်လည်း ထိတွေ့ မှုရှိစေရန်ကျင်းပပြုလုပ်ပေးခြင်းဖြစ်၍  ပထမ ဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို တာဝန်ရှိ သူများကဆုများ အသီးသီး ပေးအပ် ချီး မြှင့် ခဲ့ ကြောင်းသိရသည်။


မြင်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment