သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)မြေစိုက်ဘုတ်၌ အသိပညာပေးနံရံကပ် စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)မြေစိုက်ဘုတ်၌ အသိပညာပေးနံရံကပ် စာစောင်ပြသ







MNP ၊    ဇွန်   ၁၉

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)မြေစိုက်ဘုတ်၌ အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့မွန်းလွဲ  ၂ နာရီက ပြသခဲ့သည်။


အဆိုပါနံရံကပ်စာစောင်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများ ၊ အပြာ်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ ၊ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခတ်ပြီး ပြည်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပလပ်စတက်လျော့ချရေးအကြောင်းသိကောင်းစရာများ ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာများနှင့် ကာတွန်း၊ ကဗျာများကို ထည့်သွင်းပြထားရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။


ထို့အပြင်   ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများနှင့်သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)