Pages

Pages

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ






MNP ၊    ဇွန်   ၂၆

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဆုပေးအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community  Centre) ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားပြီး  သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အကဲဖြတ်ဒိုင်ချုပ် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်သိန်းကစာစီစာကုံးပြိုင်တွေ့ရှိချက်များအား  ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ သတိထားပြုပြင်နိုင်စေရန် သုံးသပ်ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ပိုစတာပြိုင်ပွဲတွင်ဆုရှိသူများကိုဆုချီးမြှင့်ရာ အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲ ပထမဆုရရှိသည့်  အထက(၁) Grade-9 မှ မောင်ဇွဲဟန်ထွန်း၊ ဒုတိယဆုရရှိသည့် အထက(မြို့မ)Grade-11 မှ မောင်အောင်စွမ်းပြည့် ၊  ပြည်နယ် အထက်တန်း အဆင့် ကာတွန်းပြိုင်ပွဲ အထူးဆုရရှိသည့် အထက(ခွဲ)လင်းသာ Grade-11မှ မောင်ထက်နိုင်သူနှင့် ပြည်နယ် အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲ ဒုတိယဆုရရှိသည့် အထက(ခွဲ) ငကျော်တောင် ကျောင်းမှ မောင်မင်းခန့်စိုးတို့ကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်းဝင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။


ထို့နောက် မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  (အထက်တန်း၊အလယ်တန်း)အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။


အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများ၊ ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများသည် သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ဆုရစာစီစာကုံးများနှင့်စာအုပ်စာစောင်များကို စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


သန့်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment