Pages

Pages

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမာမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ


MNP ၊    ဇွန်   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​(Community Centre) ခန်းမတွင်တွင် ယမန့်​နေ့ မွန်းလွဲ (၃)နာရီ အချိန်က စာဖတ်ဝိုင်း၊ စာအုပ်/ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အမာမြို့ ဒုတိယဦးစီးမှူး ဒေါ်နော်​လေးလီယန်က အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ လိမ္မာရေးခြားရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အားနေချိန်များတွင် စာများများဖတ်ရန်နှင့် အတွေ့အကြုံ ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။ စာဖတ်ဝိုင်းတွင်လည်း တစ်ဦးချင်းဖတ်ကြား ဆွေးနွေးခဲ့ပြီး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတွင်လည်း စာပေဝါသနာရှင်များမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။


ယင်း စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို စာပေဝါသနာရှင် စုစုပေါင်း (၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်ကျော်အောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment