ရသေ့တောင်မြို့ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌(SOP)စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌(SOP)စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊    ဇွန်   ၂၃

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လည် ၂နာရီ အချိန်က လုပ်ငန်းများဆောင်ရွက်ရာတွင်လျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက်သတ်မှတ်ထားသည့်လုပ်ငန်းစနစ်များ(SOP)စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြကြောင်းသိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စီမံခန့်ခွဲရေး(ဝယ်ယူရေးနှင့်အထွေထွေ)ဆိုင်ရာစံလုပ်ငန်းသတ်မှတ်ချက်စနစ်များပါ ရုံးပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတင်ပြရာတွင်ပါဝင်ရမည့်အချက်များအား မိမိတို့မြို့နယ်ရုံးရှိ ဝန်ထမ်းများသိရှိနားလည်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားခဲ့သည်။ 


ထို့နောက် ရုပ်သံကျွမ်းကျင်( ၃)ဦးအောင်သိန်းဝေနှင့်ဝန်ထမ်းများက စက်ပစ္စည်းများပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးကြောင်းတင်ပြရာတွင်ပါဝင်ရမည့်အချက်များခေါင်းစဥ်ပါအချက် များအား အသီးသီးဆွေးနွေးဖတ်ကြားခဲ့သည်။


ထို့နောက် ဝန်ထမ်းများ၏ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ဒုတိယဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့ပြီးဝန်ထမ်းများအားအသိပညာဗဟုသုတတိုးပွါးလာစေရန်၊ ရုံးလုပ်ငန်းများကို ကျွမ်းကျင်မှုရှိစေရန်အတွက်ရုံးဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို တစ်လလျှင်နှစ်ကြိမ်ပြုလုပ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)