Pages

Pages

မအီမြို့ သဒွန်ကျေးရွာအုပ်စုအတွင်း COVID-19 ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ကွင်းဆင်းထိုးနှံ






MNP ၊    ဇွန်   ၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ရဟန်းရှင်လူပြည်သူများ ကာကွယ်ဆေးထိုးအကြိမ်ရေ ပြည့်မီစေရေးတို့အတွက် သဒွန်ကျေးရွာအုပ်စု  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက သဒွန်ကျေးရွာ မူလတန်း(လွန်)ကျောင်းတွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် အဆိုပါကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ၏ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးအိုမီခ ရွန်မျိုးကွဲသစ် (XBB.1.16) သည် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပျံ့လျှက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ချနိုင်ရေးအတွက် ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပြီးသူများအား တတိယအကြိမ်အဖြစ်လည်းကောင်း၊ တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထ အကြိမ် အဖြစ်လည်းကောင်း၊ စတုတ္ထ အကြိမ် ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာ သူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေခြင်း စသည့် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျှက်ရှိသည်။


ဆက်လက်၍လည်း မအီမြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကျေးရွာအုပ်စုများအတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံစေနိုင်ရေးအတွက် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)များနှင့် ပူးပေါင်း၍ အလားတူကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မအီမြို့၊ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းက ပြောကြားသည်။  


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆေးထိုးစုရပ်သို့ သဒွန်ကျေးရွာအုပ်စုအတွင်းရှိ ဖောင်းသောင်းကျေးရွာ၊ ဇီးကိုင်းကျေးရွာ၊ ဝက်ရကျေးရွာနှင့် ကောက်ရိုးတမာကျေးရွာတို့မှ COVID-19 ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose)ထိုးနှံရန် စာရင်းပေးသွင်းထားသူ ပြည်သူများက လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။ 


မောင်မောင်ဌေး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment