Pages

Pages

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး၊ Digital Future Conference နှင့် ပြပွဲများသို့ တက်ရောက်


MNP ၊ ဇွန် ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆီရီဘီဂါဝန်မြို့ရှိ The Empire Hotel & Country Club ၌ ယမန်နေ့က ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားနှင့် Digital Future Conference ဖွင့်ပွဲ သို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ Authority for Info-communications Technology Industry(AITI) ၏ အမှုဆောင်ချုပ် Ir. Haji Jailani bin Haji Buntar က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ပို့ဆောင်ရေးနှင့်သတင်းအချက်အလက်ဆက်သွယ်ရေးဝန်ကြီး H.E. Pengiran Dato Seri Setia Shamhary Mustapha က အဖွင့်အမှာစကားပြောကြား၍ (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး၊ Digital Future Conference နှင့် ပြခန်းများကို ဖွင့်လှစ်ပေးသည်။

ထို့နောက် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H.E. Satvinder Singh က The Role of Innovation in Overcoming Challenges and Securing Oppo-rtunities in ASEAN ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးများနှင့် ဧည့်သည် တော်များသည် ခင်းကျင်းပြသထားသည့် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပြခန်း များနှင့် နည်းပညာဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး "ASEAN Strategy for Carbon Neutrality and Sustainable Growth enabled by Science, Technology and Innovation (STI)" ခေါင်းစဉ်အပေါ် မြန်မာနိုင်ငံ၏မူဝါဒ၊ လက်ရှိဆောင်ရွက်နေမှုနှင့် အနာဂတ်အာဆီယံဒေသတွင်း နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်များကို အမြင်ချင်းဖလှယ်ဆွေးနွေးသည်။

အစည်းအဝေးတွင် (၈၃) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီ၏ ဆွေးနွေးတင်ပြချက်များကို အတည်ပြုခြင်း၊ အာဆီယံလူမှုအသိုက်အဝန်း ပိုမိုဖွံ့ဖြိုးစေရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်က ပံ့ပိုးထောက်ပံ့ပေးနိုင်မည့် သုတေသနလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment