Pages

Pages

FIFA- MFF U-15 YOUTH LEAGUE 2023 သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု PHAN KHAR MYAY Magway FC ဘောလုံးအသင်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲကျင်းပ



MNP ၊    ဇွန်   ၂၄

FIFA- MFF U-15 YOUTH LEAGUE 2023 သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု PHAN KHAR MYAY Magway FC ဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒ ခံယူပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီ နာယကနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး အသက်(၁၅)နှစ်အောက် ဘောလုံးအသင်း အောင်နိုင်ရေးကော်မတီဝင်များ၊ ဘောလုံးချစ်မြတ်နိုးသူ အားကစားသမားဟောင်းအသင်းမှ အသင်းဝင်များ၊ ဖန်ခါးမြေ(မကွေး) FC အသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့်  အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ ဖီဖာရဲ့ အထောက်အပံ့နဲ့ မန္တလေးမြို့မှာ ဇွန်လ ၂၄ ရက်နေ့မှ နိုဝင်ဘာ ၂၆ ရက်နေ့အထိ ပြုလုပ်ကျင်းပမည့် FIFA- MFF U-15 YOUTH LEAGUE 2023 ဘောလုံးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ကိုယ်စားပြုပြီး ဖန်ခါးမြေ(မကွေး) FC နာမည်ဖြင့် သွားရောက်ယှဉ်ပြိုင် ကြမည့် ဘောလုံးအသင်းကို စိတ်ဓါတ်ခွန်အား ပေးဖို့နှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဘောလုံးအားကစားနည်းဟာ ရွှေခေတ်၊ ငွေခေတ် ဆိုပြီး ရှိခဲ့တာကနေ ယခုဆိုရင် အရှေ့တောင်အာရှအဆင့်မှာတောင် အတော်ရုန်းကန်နေ ရတာကို အားလုံးအသိပဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ယခုလို ပြိုင်ပွဲပြုလုပ် ခြင်းဟာ မြန်မာဘောလုံးအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာနိုင်ပါကြောင်း၊ ဒီလို ပြိုင်ပွဲမျိုးကို ယခင် ၂၀၁၅ / ၂၀၁၆ ခုနှစ်များမှာ  အသက် ၁၄ နှစ်အောက် ဘောလုံးပွဲတော်ဆိုပြီး ပြည်နယ်နှင့်တိုင်းအလိုက် ပြုလုပ်ခဲ့ဖူးကြောင်း၊ စဉ်ဆက်မပြတ် မပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာ့ ဘောလုံးဟာ ဒုံရင်းက  ဒုံရင်း ပြန်ရောက်နေတာကို တွေ့ရမှာဖြစ်ကြောင်း၊ ယခုလို မြန်မာလူငယ် ဘောလုံးပွဲများကို  စဉ်ဆက်မပြတ် ပြုလုပ်ပေးဖို့ လိုအပ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်လည်း အားပေးဆောင်ရွက်သွားကြဖို့ ပိုမိုလိုအပ်ပါကြောင်း၊ မန္တလေးဇုံကို သွားရောက်ယှဉ်ပြိုင်ကြမည့် မောင်တို့ဟာ ငယ်ရွယ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက်  SPORTS ကို အဓိပ္ပာယ်ဖွင့်ဆို ထားသည့် S-Suppleness(ပျော့ပျောင်းမှု)၊ P- Politeness (ယဉ်ကျေးသိမ်မွေ့မှု)၊ O- Obedience (နာခံတတ်မှု)၊ R- Readiness (အဆင်သင့်ဖြစ်မှု)၊ T-Tackfull (ပါးနပ်လိမ္မာမှု)၊ S-Skill (ကျွမ်းကျင်မှု) ဆိုသည့် အားကစား၏ တစ်လုံးချင်း အဓိပ္ပါယ်အတိုင်း ပေါင်းစပ်ပြီး ပြိုင်ပွဲကို ဂုဏ်သိက္ခာရှိရှိ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် မိမိ၏ အားကစားသမားဂုဏ်၊ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင် ယှဉ်ပြိုင်ကစားကြဖို့ အထူးတိုက်တွန်းမှာကြားလိုကြောင်း၊ ဘောလုံးအားကစားနည်းဟာ တစ်ဦး ကောင်း၊ တစ်ယောက်ကောင်း ကစားလို့မရဘဲ တစ်ဦးချင်း ဘောလုံးအခြေခံ ကျေညက်မှုတွေကို အသုံးချကာ အသင်းလိုက်စည်းလုံးညီညွတ်မှု၊ တစ်ဦးအလိုကို တစ်ဦးသိတတ်ကာ ဖြည့်ဆည်းပေးနိုင်မှု အစရှိသဖြင့် ပူးပေါင်းဆောင်ရွက်မှုကောင်းမှသာ အောင်မြင်မှုရရှိမှာဖြစ်ပါကြောင်း  စသည်ဖြင့် သြဝါဒစကား ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြိုင်ပွဲသွားရောက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဖန်ခါးမြေ(မကွေး) FC အတွက် ထောက်ပံ့ကြေးငွေများ ပေးအပ်ကာ၊ ဖန်ခါးမြေ(မကွေး) FC အသင်းအုပ်ချုပ်သူထံ အောင်နိုင်ရေးအလံအားပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment