ပုသိမ်ခရိုင်အမျိုးသမီးကော်မတီဝင်များအတွက် Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ခရိုင်အမျိုးသမီးကော်မတီဝင်များအတွက် Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကျင်းပ


MNP ၊    ဇွန်   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်ခရိုင်အမျိုးသမီးကော်မတီဝင်များအတွက် Gender, CEDAW, NSPAW နှင့်UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးကော်မတီဖြစ်ပေါ်လာပုံ၊ Gender, CEDAW(အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးသဘောတူစာချုပ်)ပါအကြောင်းအရာများအားလည်းကောင်း၊  NSPAW နှင့် UNSCR 1325 ပတ်သက်၍ ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နှင့် ဆောင်ရွက်လျှက်ရှိနေသည့် အကြောင်းရင်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ 


ထို့နောက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီး ဌာန ဒုတိယတိုင်းဦးစီးမှူးက ဆွေးနွေးတင်ပြရာ အခမ်းအနားတက်ရောက်ကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူးဒေါ်မြမာလာစိုးနှင့် ခရိုင်အဆင့်အမျိုးသမီးကော်မတီဝင်များ၊ NGO အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြင့်ဟန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)