MNP ၊ ဇွန် ၂၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA) Day အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွေကိန္ဒရီစတိုး သမဝါယမအသင်းလီမီတက်မှ အသင်းသားများသို့ စာသုံးဆီများပေးဝေခြင်းအခမ်းအနားကို သမဝါယမအသင်းစုခန်းမ၌ ယနေ့နေ့လယ် (၁)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် အသင်းစု ဥက္ကဌဦးမြင့်အောင်ကယခုလိုအသင်းသားများကိုတွေ့ဆုံခွင့်ရရှိသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း အသင်းသားများအား (ICA) Day ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာသုံးဆီ(၁)လီတာဗူးကို ပေးဝေသွားမှာဖြစ်ပါကြောင်း စိတ်ပါဝင်စားသူများအနေဖြင့် အသင်းဝင်များကိုဖိတ်ခေါ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းအေးနှင့် ဝန်ထမ်းများ၊ အသင်းစုဥက္ကဌနှင့်အမှုဆောင်များ ရွှေကိန္ဒရီအသင်းအမှုဆောင်နှင့် အသင်းသူ/အသင်းသားများ စုစုပေါင်းလူဦးရေ (၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment