Pages

Pages

ပေါက်တောမြို့ရှိ KG ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံ






MNP ၊    ဇွန်   ၂၇

ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ် အထက် KG ေကျာင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အထက(ပေါက်တော)တွင်စုရပ်ထားပြီး စတင်ထိုးနှံပေးလျက်ရှိသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာ နှင့် မိခင်ကလေးအဖွဲ့များက ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အားပေးစကားများပြောကြားခဲ့ကြသည်။


ပေါက်တောမြို့၌ အသက်(၅) နှစ် အထက် KG ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၉၃ ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မိဘအုပ်ထိန်းသူခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း နှင့် သွေးပေါင်ချိန်တိုင်းတာခြင်းပြုလုပ်ပြီးမှ စနစ်တကျထိုးနှံပေးကြောင်း သိရသည်။


ဝင်းမင်းစိုး


 https://t.me/MyanmarNationalPost




No comments:

Post a Comment