ကျွန်းလှမြို့နယ် ရေနံလျှံတွင်းများအား KIA/PDF အကြမ်းဖက်အဖွဲ့များက အဓိက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ် ရေနံလျှံတွင်းများအား KIA/PDF အကြမ်းဖက်အဖွဲ့များက အဓိက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရ


MNP ၊ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်အတွင်းမှာ သဘာဝသယံဇာတများဖြစ်သော ရွှေ၊ ရေနံ တရားမဝင်လုပ်ကွက်များတွင် KIA/PDF အကြမ်းဖက်အဖွဲ့များက လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျ၍ လုပ်ကိုင်ရယူနေသည့်အပေါ် ရှင်းလင်းဆောင်ရွက်ပေးနိုင်ရန် ဒေသခံများက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုကြသည်။

ကျွန်းလှမြို့နယ်၊ သဖမ်းဆိပ်ဆည်အတွင်း တရားမဝင်ရွှေမျောများကို ရှင်းလင်းဖယ်ရှားခဲ့ရာ ကျွန်းလှမြို့နယ်ဘက်အခြမ်းတွင် ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး ကောလင်းနှင့် ကန့်ဘလူမြို့နယ်ဘက်များတွင် ဆက်လက်လုပ်ဆောင်လျှက်ရှိပြီး KIA/PDF အကြမ်းဖက်အဖွဲ့များ အထိုင်ချနခြေင်းကြောင့် ရှင်းလင်းရ ခက်ခဲသည့် အခြေအနေများကိုလည်း ကြားသိရသည်။

ကျွန်းလှမြို့နယ်၊ နောင်ကောက်ကျေးရွာနှင့် အနီးဝန်းကျင်တွင် ရေနံလျှံတွင်းများမှ နေ့စဉ် ဆီပေပါ ထောင်ချီထွက်ရှိနေပြီး KIA/PDF က ၎င်းတို့ကိုယ်တိုင် လုပ်စားနေသကဲ့သို့ ဒေသခံများ လုပ်ကိုင်စားသောက်နေသည်ကိုလည်း ဆက်ကြေးကောက် တောင်းယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒေသခံတစ်ဦးက "ရေနံ အဓိက ထွက်တာက ကျွန်းလှမြို့နယ်၊ နောင်ကောက်ရွာ အနောက်ဘက်မှာ အဓိကပါပဲ။ ရေနံမှော် အမည်တော့ ကွဲတာပေါ့။ နောင်ကောက်ရွာအနီးဝန်းကျင်တွေမှာ အဓိကပါ။ အဲဒါလည်း ဒေသခံတွေ အေးအေးဆေးဆေး လုပ်စားလို့ ရတာ မဟုတ်ပါဘူး။ PDF ခေါင်းဆောင်တွေက သူတို့ကိုယ်တိုင် လုပ်ယူနေတာ များပါတယ်။ တခြားသူ လုပ်တဲ့ တွင်းဆိုရင်လည်း ဆက်ကြေးကောက်ယူပါတယ်။ သူတို့မှာ လက်နက်ရှိနေတော့ လူပါးဝတာပေါ့ဗျာ။" ဟု ပြောဆိုသည်။

ရေနံ လျှံတွင်းများ ထွက်ရှိနေပုံနှင့် ပတ်သက်၍ "ရေနံလျှံတွင်းရဲ့ သဘောက ဒီနားမှာ ရေနံထွက်နေတယ်ဆိုရင် တူးချလိုက်။ ဖောက်ချက်မှန်ရင် ရေနံက လျှံထွက်လာတာ။ ပေပါနဲ့ ခံယူရုံပဲ။ အဲဒါကို KIA/PDF က ဝန်းသိုဘက်ကို ထုတ်ပြီး ချက်တယ်။ ရွှေမျောတွေဆီ ပြန်ရောင်းတယ်။ တန့်ဆည်မြို့နယ်၊ ပုတီးရွာဘက်ကို သယ်ထုတ်နေတာလည်း ရှိတယ်။ အဲဒါကတော့ PDF ခေါင်းဆောင်ကိုယ်တိုင် က ရေနံချက်နေတာ။ ရေနံမှာ အပြစ်နဲ့ အကျဲ ပုံစံနှစ်မျိုး လာတယ်။ အကျဲကို အချောဖြစ်အောင် ပြန်ချက်တာက တစ်ရက်ပဲ ကြာတယ်။ အပြစ်ကိုကြတော့ ချက်ရတာ ပိုကြာတယ်ပေါ့။ အချောဖြစ်သွာတဲ့အခါကြတော့ ရွှေမျောက စက်တွေမှာ သုံးလို့ ရသွားတာပေါ့" ဟု ရှင်းပြသည်။

ဒေသခံပြည်သူများအနေဖြင့် KIA/PDF အကြမ်းဖက်သမားများက လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့်၍ ဆက်ကြေးကောက်ရယူနေခြင်း၊ သယံဇာတမှ ရရှိလာသော ငွေကြေးဖြင့် လက်နက်ဝယ်ယူ၍ ဒေသခံပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကြောင့် KIA/PDF အကြမ်းဖက်အဖွဲ့များအား အမြန်ဆုံးရှင်းလင်းပေးနိုင်ရေး ဆက်သွယ် ပြောဆိုနေကြခြင်း ဖြစ်သည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)