Pages

Pages

ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးရုံးတွင် KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်






MNP ၊ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘူလူမြို့ ခရိုင်စီမံအုပ်ချုပ်ရေး ခန်းမတွင် ယနေ့ (၃၀-၆-၂၀၂၃) ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှင့် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေး၊ ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေး၊ ကန့်ဘလူခရိုင် ဗျူဟာမှူး၊ ကန့်ဘလူတပ်ရင်းမှူး၊ ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှူး၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ က KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူများကို ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်ဒသေကြီး အစိုးရနှင့် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ငါးရာငါးဆယ်ဆရာတော်တို့မှ KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးရသည့် မိသားစုဝင်များအား  ငွေကျပ်သိန်းပေါင်း ၅၃၅သိန်း ကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကန့်ဘလူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ၊ ရဲတပ်ဖွဲ့မှူးများ၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်)နှင့် KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။


#MyanmarNationalPost


No comments:

Post a Comment