ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KKDUP) နှင့် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KKDUP) နှင့် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး


MNP ၊ ဇွန် ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင် ဦးမြင့်ဦး၊ ဦးခင်မောင်ဦး တို့နှင့်အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ရရှိပြီးသော ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) နှင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ယမန်နေ့က လားရှိုးမြို့ နယ်မြေခံတပ်ဧည့်ရိပ်သာ၌တွေ့ဆုံပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးသည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း စုဆောင်းရမည့် ပါတီဝင်အင်အားနှင့် ဖွင့်လှစ်ရမည့် ပါတီရုံးခန်းများကို အချိန်မီပြီးစီးအောင် စနစ်တကျဆောင်ရွက်ရေး၊ ပါတီရုံးခန်း ဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်နှင့် ပါတီအလံများ စိုက်ထူခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေး၊ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီအဖြစ် တည်ဆောက်ရေးနှင့် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ကျင်းပမည့်ရွေးကောက်ပွဲများတွင် မိမိတိုင်းရင်းသားဒေသများအလိုက် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ယခင်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှုများကို သုံးသပ်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံရေးပါတီများက ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေး၊ မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းစဉ်များတွင်လည်း နိုင်ငံရေးပါတီများကို ပူးပေါင်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရှိရေး မှာကြားရာ သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းတင်ပြကြသည်။


ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)ကို ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက် (၁၂) နယ်မြေ(၁၉) မန်ဆူရှမ်းကျောင်းနောက် ဟူးမွန်လမ်း အမှတ်(ဌ/၁၉/၇၆၄) တွင် ပါတီဌာနချုပ်ရုံး ဖွင့်လှစ် ထားရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မေ (၁၆)ရက်စွဲပါ ကြေညာချက်အမှတ် (၂၁/၂၀၂၃) ဖြင့် လည်းကောင်း၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့ တုံချန်ရပ်ကွက်(၁) ကြည်ရှန်လမ်းတွင် ပါတီဌာနချုပ်ရုံးဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မေ (၃၀) ရက်စွဲပါ ကြေညာချက်အမှတ်(၂၄/၂၀၂၃) ဖြင့်လည်းကောင်း မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)