Pages

Pages

KNDFအကြမ်းဖက်အဖွဲ့ဝင် (၅)ဦး ကို ပင်လုံ - လဲချား ကားလမ်းမပေါ်တွင် ဖမ်းဆီးရမိ


MNP ၊ ဇွန် ၂၇

ပင်လုံ-လဲချားသွားကားလမ်းမပေါ်၌ ဇွန်လ၂၄ရက်နေ့က KNDF အကြမ်းဖက်အဖွဲဝင်(၅) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

KNDF အကြမ်းဖက်အဖွဲ့ဝင် ဒိုင်းမွန်းဦး၊ သိန်းနိုင်၊ မောင်နု၊ ဝေဖြိုးစိုး၊ အောရယ် တို့ ဖြစ်ပြီး လဲချားမြို့ဘက်မှယာဉ်မောင်းဦးနီတွတ်မောင်းနင်လာသည့် "ရှမ်းတံခွန်"ယာဉ်လိုင်းမှ Probox အဖြူရောင်ယာဉ်ကို စစ်ဆေးရာမှ သက်သေများနဲ့အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KNDF/PDF အကြမ်းဖက်အဖွဲ့များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်းလောင်းဒေသ နန်းနိမ့်ကျေးရွာတွင် ကျောင်းထိုင်ဆရာတော်ပါ သံဃာတော် ၃ပါး နှင့် အပြစ်မဲ့ ပြည်သူ ၂၂ဦး ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။


#MyanmarNationalPost 

No comments:

Post a Comment