Pages

Pages

မော်လမြိုင် - ရေး ကားလမ်းမကြီးပေါ်တွင် KNLAတပ်မဟာ(၆)နှင့် PDF အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်များအား တားဆီးစစ်ဆေးနေ



MNP ၊ ဇွန် ၂၂ 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ လိမ္မော်ခြံကျေးရွာနှင့် ဘေးလမိုင်းကျေးရွာကြား နှစ်ကရင်ကျေးရွာသွားလမ်းဆုံ၊မော်လမြိုင် - ရေး ကားလမ်းမကြီးပေါ်၌ KNLAတပ်မဟာ(၆)နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်း အင်အား ၄၀ဦးခန့်သည် ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှ နေ့လည် ၁ ၀၀ ချိန်ထိ ခရီးသွားမော်တော် ယာဉ်များကို တားဆီးရပ်တန့်ခိုင်း၍ မှတ်ပုံတင်စစ်ဆေးခြင်း၊ တပ်၊ ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းပါရှိမှု ရှိ/မရှိ တို့အား စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

KNLA တပ်မ ဟာ(၆) နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့သည် မော်လမြိုင် - ရေး ကားလမ်းမကြီးပေါ်တွင် နေ့စဉ်ဆိုသလို ခရီးသွား မော်တော်ယာဉ်များကို တားဆီး၍ စစ်ဆေးခြင်းများပြုလုပ်နေကြောင်း၊ နေစဉ်ဆက်တိုက် တားဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်းအပေါ် ခရီးသွားပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်နေ ကြောင်း၊ အထူးသဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ခရီးသွားရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

KNLA တပ်မ ဟာ(၆) နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့သည် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment