မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး







MNP ၊ ဇွန် ၂၉

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက် အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။


ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ အများပြည်သူ အားထား အသုံးပြုလျက်ရှိသည့် မိုင်တိုင်အမှတ်၊ ၁၃၁/၆ နှင့် ၁၃၁/၇ ကြား၊ တံတား အမှတ်(၃/၁၃၂)၊ အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစား ကျုံအိတ်တံတားအား  KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျုံအိတ်တံတား၏ အနောက်ဘက်ခြမ်း ၆၆ ပေခန့် ပဲ့ကျပျက်စီးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွား ချိန်၌ တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ် ၃ စီးပြုတ်ကျ ပျက်စီးခဲ့ကာ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။


အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက သွားရောက်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိစဉ် အဆိုပါအကြမ်းဖက်သမားများက Drop Bomb များ အသုံးပြု၍ ယုတ်မာရက်စက်စွာဖြင့် အကြမ်းဖက်မှုများထပ်မံလုပ်ဆောင်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦးထပ်မံသေဆုံး ခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


KNLA အကြမ်းဖက်သမားများအနေဖြင့် ဇန်နဝါရီ ၆ ရက်တွင်လည်း ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူ အသုံးပြု သွားလာလျက် ရှိသော စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ခဲ့မှုကြောင့် တံတား၏ ကမ်းကပ်ခုံနှင့် ကပ်လျက် ၁၃၀ ပေခန့် ပြိုကျ ပျက်စီးခဲ့သည်။  ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်းရှိ တံတားများအား အကြမ်းဖက် သမားများက ဖောက်ခွဲဖျက်ဆီးခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ ၂၄ ကြိမ် ရှိပြီဖြစ်ကြောင်း သိရှိရသည်။


အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှု ဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင် သော အများ ပြည်သူအသုံးပြုလျက်ရှိသည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။


အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့် ယာဉ်ငယ်များ ဖြတ်သန်း သွားလာနိုင်သော်လည်း မော်တော်ယာဉ်ကြီးများအတွက်  သွားလာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတား ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter-Terrorism Operation)ကို  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)