ကြာအင်းဆိပ်ကြီးမြို့ရှိ လုံခြုံရေးတပ်စခန်းများကို KNU/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့ က လာရောက်တိုက်ခိုက်၊ သံဃာတော်အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့ရှိ လုံခြုံရေးတပ်စခန်းများကို KNU/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့ က လာရောက်တိုက်ခိုက်၊ သံဃာတော်အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံး



MNP ၊ ဇွန် ၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ လုံခြုံရေးတပ်စခန်းများကို  KNU/ PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များက Drone ၁ စီးဖြင့် ယနေ့နံနက် ၀၀: ၃၀ ချိန်ခန့်တွင် ဗုံး ၂ လုံး၊ ၀၁:၁၄ ချိန်ခန့်တွင် ဗုံး ၂ လုံး၊ ၀၃:၅၈ ချိန်ခန့်တွင် ဗုံး၂ လုံးတို့ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြပြီး မြို့တွင်းသို့ ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ သံဃာတော်များနှင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ထို့အပြင် KNLA တမဟာ(၆) ရင်း(၁၆) ခွဲ(၁)မှ ဒုခွဲမှူးအဆင့်ရှိ စောအောခေါ(ခ)အခေါင်း နှင့်အင်အား ၅၀ ဦးကျော်ခန့်၊ ရင်း(၁၇) ခွဲ(၂)ခွဲမှူးအဆင့်ရှိ သယ်ဖာထော နှင့်အင်အား ၇၀ ဦးကျော်ခန့်၊ PDF အကြမ်းဖက်အဖွဲ့ (SOF)မှ ခေါင်း ဆောင်(စိစစ်ဆဲ)နှင့် အင်အား ၃၀ ကျော်ခန့်၊ KTLA စောအယ်စေးဝါး အဖွဲ့မှခေါင်းဆောင် (စိစစ်ဆဲ)နှင့် အင်အား ၃၀ ဦးကျော်ခန့်၊ စုစုပေါင်း ၁၈၀ ဦးကျော်ခန့်တိုသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရွှေလင်းကျေးရွာဘက်မှ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၂)ရပ်ကွက် (ချောင်းနှစ်ခွ- ကြာအင်းဆိပ်ကြီးမြိုအဝင်)စိုက်ပျိုးရေးလမ်းနှင့် ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၆)ရပ်ကွက် (ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူမြို့အထွက်)ဘက်ခြမ်းတို့မှ အုပ်စုခွဲကာ ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နေအိမ်များအား အကာအကွယ်ယူပြီး ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကြာအင်းဆိပ်ကြီးခရိုင်ရဲစခန်းနှင့် အမှတ်(၆)ရပ်ကွက်ရှိ စရတ စု-၄ ရုံး၊ ခရိုင်စီမံရုံး၊ လဝကရုံး၊ သစ်တောရုံး၊ မြေစာရင်းရုံးတို့နှင့် မြိုတွင်းလုံခြုံရေးအဖွဲ့များကို ယနေ့ နံနက် ၅ နာရီ အချိန်မှ ၇ နာရီ ၄၅ မိနစ်အချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


ထိုသို့ ပူးပေါင်းအကြမ်းဖက်အဖွဲ့များ လာရောက်တိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရပြီး အကြမ်းဖက်သောင်းကျန်းသူ ခြေထောက်ပြတ် ၁ ဦး(စိုးရိမ်ရ)၊ လက်တဖက်ပြတ်နှင့် ဗိုက်ပွင့် ၁ ဦး (စိုးရိမ်ရ)၊ အခြားဒဏ်ရာရ ၂ ဦး၊ စုစုပေါင်း ၄ ဦးဒဏ်ရရပြီး အကြမ်းဖက်သမားများသည် ကမ္ဘာ့ရတနာဘဏ်အနီးရပ်ထားသည့် ပြည်သူတစ်ဦး၏က ားအားယူဆောင်ကာ ဒဏ်ရာရသူများအား ကားနှင့်တင်ဆောင်ပြီး ရွှေလင်းကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း၊ နံနက် ၇ နာရီ ၅၀ မီးနစ်အချိန်မှ ၈ နာရီ ၁၀ မီးနစ်အချိန်ထိ တပ်မတော်လေမှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် ကြာအင်းဆိပ်ကြီးမြို့အနီးဝန်းကျင်ရှိ ရန်သူစုဖွဲ့သည့် နေရာများသို့ ပစ်ခတ်ခြင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


KNU/ PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များ ၏ မြိုတွင်း၊ မြိုပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကမ်းနားလမ်းဘုန်ကြီးကျောင်းမှ ဘုန်ကြီးနှစ်ပါးနှင့် ၁၅ နှစ် အရွယ်လူငယ်တစ်ဦးလည်း သေဆုံးခဲ့ရပြီး မြို့ထဲတွင်လည်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။ KNU/ PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များ မြို့ထဲမှ ဆုတ်ခွာသွားသော်လည်း မြို့ပြင်ဘက်တွင် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)