ဘားအံမြို့နယ်၊ နောင်ကျန်ရွာ ကားလမ်းဘေးရှိ နေအိမ်တွင် ညအိပ်တည်းခိုနေသော အမျိုးသားတစ်ဦး KNU/PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်၊ နောင်ကျန်ရွာ ကားလမ်းဘေးရှိ နေအိမ်တွင် ညအိပ်တည်းခိုနေသော အမျိုးသားတစ်ဦး KNU/PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံး


MNP ၊ ဇွန် ၁၁ 

ဘားအံမြို့နယ်၊ နောင်ကျန်ရွာ ကားလမ်းဘေးရှိ နေအိမ်တွင် ညအိပ်တည်းခိုနေသော ဦးဇော်မင်းထွန်း (၄၇)နှစ် သည် ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် KNU/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ကာသေဆုံးခဲ့ကြောင်း သိရသည်။ 

သေဆုံးသူ ဦးဇော်မင်းထွန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ခရစ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့က ၎င်း၏သားကျောင်းထွက်လက်မှတ်ကို မြဝတီမြို့မှ သွားယူပြီး ပြန်လာရာ နောင်ကျန်ရွာ ကားလမ်းဘေးအိမ်တွင် ညအိပ်တည်းခိုစဉ် ထိုသို့ လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)