KNU/PDF အကြမ်းဖက်သမား ၂ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU/PDF အကြမ်းဖက်သမား ၂ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ





MNP ၊ ဇွန် ၁၈

ကရင်ပြည်နယ်၊ ဘောကထနယ် မိအိကြီး-ကျွဲကျသွား တောလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီး၊ KNU/PDF အကြမ်းဖက် ၄ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ KNU/PDF အကြမ်းဖက်သမား ၂ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိပြီး ၂ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

KNU/PDF အကြမ်းဖက်သမားများထံမှ  အမ်(၁၆)သေနတ် ၁ လက်၊ အမ်(၄)သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၈၃ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဆိုင်ကယ် ၁ စီး  သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထဲမှ တပ်မတော်သား ၁ဦး ထိခိုက်ကျဆုံးခဲ့ပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)