မော်လမြိုင် နှင့် ရေးမြို့ကြားတွင် ဆက်ကြေးကောက်ခံနေသော KNU/PDF အကြမ်းဖက်သမားများကို ရှင်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင် နှင့် ရေးမြို့ကြားတွင် ဆက်ကြေးကောက်ခံနေသော KNU/PDF အကြမ်းဖက်သမားများကို ရှင်းပြီ



MNP ၊ ဇွန် ၂၈

မော်လမြိုင်နှင့် ရေးမြို့ကြားထဲတွင် KNU/PDF အကြမ်းဖက်သမားများက မော်တော်ယာဉ်များကို တားဆီးစစ်ဆေး၍ ဆက်ကြေးကောက်ခံနေသော ရုပ်သံမှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်းမျာ ထွက်ပေါ်လာပြီးနောက် ဇွန် ၂၇ ရက်နေ့ က ထိုသို့ မော်တော်ယာဉ်များကို တားဆီးစစ်ဆေး ဆက်ကြေးကောက်နေသော အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့က သွားရောက်ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

လမ်းမကြီးပေါ်တွင် ဆက်ကြေးကောက်ယူနေသော အကြမ်းဖက်သမားများကို သွားရောက် ရှင်းလင်းရာ ငပွေး ၁ လောင်း၊ အမ်-၇၉ ၁ လက်၊ (၃) AK ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး  KNU/PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရသည်။


(ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now ကဲ့သို့သော သတင်းဌာနများ က လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများကို နှိမ်နင်းလျှင် ပြစ်တင်ဝေဖန်ကာ ရေးသားဖော်ပြလျက်ရှိပြီး ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များကို ထိန်ချန်ဖုံးကွယ် ရေးသားဖော်ပြကြသည်။)

#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)