Liability of Legal Persons အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Liability of Legal Persons အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်



နေပြည်တော် ဇွန် ၂၂

မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့တွင် ဇွန်၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် ဥပဒေအရလူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများ၏ တရားဝင်ဥပဒေအရ တာဝန်ရှိမှု ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ (Workshop on Liability of Legal Person)သို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းဖြင့် တက်ရောက်ဆွေးနွေးသည်။


ဇွန် ၂၀ ရက်က ကျင်းပသည့် အစည်းအဝေးပထမနေ့တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)မှ ကျွမ်းကျင်ပညာရှင်နှင့် မလေးရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တို့က မလေးရှား နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၈)ပုဒ်မ ၁၇ (က) တွင် ဥပဒေအရလူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသောအဖွဲ့အစည်းများ (LLP)နှင့်စပ်လျဉ်း၍ အကျုံးဝင်သည့်အဖွဲ့အစည်းများ၊ လမ်းညွှန်ချက်နှင့် တာဝန်များ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ လမ်းညွှန်ချက် နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေအရလူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသောအဖွဲ့အစည်းများ၏ တာဝန်ယူ၊ တာဝန်ခံမှုနှင့်စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာ ဦးတည်ချက်များ၊ အရေးယူဆောင်ရွက်မှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များ၊ နိုင်ငံရပ်ခြား လာဘ်ပေးလာဘ်ယူမှုများ၊ အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများကို အကာအကွယ်ပေးရေးတို့အပေါ်အကြံပြု ဆွေးနွေးခဲ့ကြသည်။


ဇွန် ၂၁ ရက်တွင်ကျင်းပသည့် အစည်းအဝေးဒုတိယနေ့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဖွဲ့အစည်းမှ အဂတိလိုက်စားမှုတိုက်ဖျက်‌ရေး ကျွမ်းကျင်ပညာရှင် Ms. Corinna de Vathaire de guerchy က လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်ချက်များအပေါ် သုံးသပ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာနမှ Mr. Gerald M. Mood Jr က Foreign Corrupt Practices Act ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးသည်။


ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံအနေဖြင့် ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ သီးခြားပြဋ္ဌာန်းချက်မရှိသေးကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် သီးခြားထည့်သွင်းနိုင်ရေးအတွက် လက်ရှိဥပ‌ဒေကို ပြန်လည်သုံးသပ်ရာတွင် ဖြည့်စွက်နိုင်ကြောင်း၊ မလေးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ယခုအစည်းအဝေးတွင် ဆွေးနွေးချက်များသည် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ်လျက်ရှိပြီး နည်းပညာအကူအညီများကိုလည်း ရယူဆောင်ရွက်လိုကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)