ဒေသခံ ပြည်သူများအပေါ် အဓမ္မဆက်ကြေးကောက်၊ လူသစ်စုဆောင်းမှုများ ပြုလုပ်နေသည့် MNDAA သောင်းကျန်းသူအဖွဲ့ဝင် ၁ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသခံ ပြည်သူများအပေါ် အဓမ္မဆက်ကြေးကောက်၊ လူသစ်စုဆောင်းမှုများ ပြုလုပ်နေသည့် MNDAA သောင်းကျန်းသူအဖွဲ့ဝင် ၁ဦး ဖမ်းဆီးရမိ



MNP ၊ ဇွန် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ ကာမိုင်းရွာအနီးတွင် ဒေသခံများအပေါ် ဆက်ကြေးကောက်၊ လူသစ်စု၊ အတင်းအဓမ္မအနိုင်ကျင့်နှိပ်စက်နေတဲ့ MNDAA သောင်းကျန်းသူများကို ယနေ့ နံနက်ပိုင်းက တပ်မတော်သားများက ကင်းပုန်းဝပ်စောင့်ဆိုင်း တိုက်ခိုက်ရာ MNDAA သောင်းကျန်းသူ အဖွဲ့ဝင် ၁ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း MNDAA သောင်းကျန်းသူများထံမှ Type-81 သေနတ် ၁ လက်၊ M-21 သေနတ် ၁ လက်၊ ကျည် ၈၃ တောင့်၊ ကျည်ကာ ၁ ထည်၊ ကျည်အိမ် ၃ ခု၊ ဦးထုပ် ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။

ယခုလကုန်ပိုင်းတွင် ဥပဒေဘောင်အတွင်း နေထိုင်လျက်ရှိသော ပြည်သူများ အသက်အိုးအိမ်စည်းဇိမ်လုံခြုံရေးအတွက် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများကို ဖိဖိစီးစီး နှိမ်နင်းဆောင်ရွက်လာသည့် အခြေအနေမျိုး တွေ့မြင်ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)