Pages

Pages

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းလျှက်ရှိ




MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကယာယီတိုက်ပွဲ ရှောင်စခန်းမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိသတ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အောင်တပ် ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား  ယာယီတိုက်ပွဲရှောင်စခန်းရှိ ယာယီအခြေခံပညာ (မူလွန်) ကျောင်းသို့ သွားရောက်၍ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ  Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင် က ပြည်သူ့စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် စာဖတ်ပရိသတ်များကို စာအုပ်စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် အတွက် စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် သုတ၊ရသ စာအုပ်များ၊ မဂ္ဂဇင်း စာအုပ် များ ၊ ဝတ္တုစာအုပ်များ၊ စိုက်ပျိုးရေးနှင့်ပတ်သတ်သော ဒို့ကျေးရွာဂျာနယ်များ တို့ကို လေ့လာဖတ်ရှု နိုင်ရန်အတွက် စာဖတ်ပရိသတ်များ ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင် ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment