ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး



MNP ၊ ဇွန် ၂၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီများ၏ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိ ကြီးကြပ် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင် စောဝင်း၊ ဦးအောင်မိုးမြင့်၊ ဦးကိုကိုလွင်နှင့် ဦးသန်းအောင် ကျော်တို့သည် ယမန်နေ့က ရန်ကုန်မြို့ လွှတ်တော်အဆောက်အအုံရှိ ပယင်းခန်းမ၌ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party)နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီတို့မှ ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ပါတီဝင် အင်အားပြည့်မီအောင် စည်းရုံးထားရှိရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများသတ်မှတ်အရေအတွက်အတိုင်း စနစ်တကျ ဖွင့်လှစ်ထားရှိရေး၊ ပါတီဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲဆောင် ရွက်ထားရှိရေး၊ ပါတီအလံနှင့် ဆိုင်းဘုတ်များ အသုံးပြုခြင်းကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်နှင့် စည်းရုံးရေးကာလ အတွင်း ပြည်သူများ အနှောင့် အယှက်မဖြစ်စေရေး သတိပြုအလေးထားဆောင်ရွက်သွားကြရန်၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်(PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်းပိုမိုရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် လေ့ကျင့်ပြင်ဆင် တည်ဆောက်ထားကြရန်၊ ထွက်ပေါ်လာမည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်ချက်များအရ ရွေးကောက်ပွဲကာလအတွင်း အောက်ခြေပါတီဝင် အချို့၏ ဥပဒေနှင့်မညီသော စည်းကမ်းချိုးဖောက်မှုများကြောင့် သက်ဆိုင်ရာပါတီများအပေါ် အကျိုးသက်ရောက်မှု ကြီးမားလာနိုင်သဖြင့် ပါတီဝင်အဆင့်ဆင့်ကို ဥပဒေစည်းကမ်းလိုက်နာရေး တာဝန်ယူထိန်းကျောင်းကြပ်မတ်ဆောင်ရွက် သွားကြရန်၊ ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။


ထို့နောက် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party)ဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည် တို့က ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)