ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကျင်းပ


MNP ၊ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကို ဇွန်လ(၉)ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌၊ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ဒေသထွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ကြမ်းပစ္စည်းများဖြင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း MSME ထုတ်ကုန်များ ရေရှည်အာမခံချက်နှင့် ဈေးကွက်ရရှိစေရေး ဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို ထိရောက်စွာတားဆီး ဆောင်ရွက်သွားရမှာဖြစ်သလို သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး တွင်တွင်ကျယ်ကျယ် ထုတ်လုပ်စားသုံးနိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးသွားရမှာဖြစ်ကြောင်း၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများအား အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) အဖြစ် ထုတ်လုပ်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်သလို FDA ထောက်ခံချက်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း မွေးမြူရေး လုပ်ငန်းနှင့်ပတ်သက်၍ Good Aquaculture Practice(GAqP) နည်းလမ်းများအတိုင်း မွေးမြူထုတ်လုပ်ရန် အရေးကြီးကြောင်းနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်နိုင်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးအတွင်း ထုတ်လုပ်နိုင်မည့် ထုတ်ကုန်ပေါ်မူတည်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်ရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီတို့၏ လမ်းညွှန်ချက်များအတိုင်း MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များက စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး ပေါင်းဆန်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့လျက်ရှိသည့် ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ဒေသတွင်း တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးရမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)