လယ်ဝေးမြို့တွင် ဖောက်ခွဲမှုများ ဖြစ်ပေါ်နေခြင်းမှာ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်မြင့်ဦး ၏ လက်ချက်ဖြစ်နိုင်ကြောင်း မြို့ခံများ သုံးသပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့တွင် ဖောက်ခွဲမှုများ ဖြစ်ပေါ်နေခြင်းမှာ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်မြင့်ဦး ၏ လက်ချက်ဖြစ်နိုင်ကြောင်း မြို့ခံများ သုံးသပ်





MNP ၊ ဇွန် ၁၄

နေပြည်တော်အနီးဝန်းကျင် မြို့နယ်များတွင် တည်ငြိမ်အေးချမ်းလျက်ရှိသော်လည်း လယ်ဝေးမြို့တွင် ဖောက်ခွဲမှုများ မကြာခဏ ဖြစ်ပေါ်နေခြင်းမှာ CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းထားသည့် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်မြင့်ဦး ၏ လက်ချက်ဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်ပြောဆိုသည်။

မြို့ခံတစ်ဦး က "သူတို့တွေက ကိုယ့်မြို့ကိုယ့်ရွာကိုပဲ ဖျက်ဆီးကြတာလေ။ ရစခန်းကို ဗုံးပစ်တဲ့ကောင်ဟာ အောင်းကြီးကုန်းရွာသား ဆိုတော့ ကျော်မြင့်ဦး ရဲ့ မိန်းမကလည်း အောင်းကြီးကုန်းရွာသားပဲ။ ဆက်စပ်ကြည့်ရင်တော့ ကျော်မြင့်ဦးရဲ့ လက်ချက်ဆိုတာ တွက်လို့ရတယ်" ဟု ပြောသည်။

ကျော်မြင့်ဦး သည် သူ၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်များအရ CRPH, NUG အကြမ်းဖက်အဖွဲ့တွင် ပါဝင်လှုပ်ရှားနေသူဖြစ်ပြီး ၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ D Day ကြေညာ၍ အကြမ်းဖက်လှုပ်ရှားမှုများ အရှိန်မြှင့်တင်ဆောင်ရွက်ရန် လှုံ့ဆော်စဉ်က နောက်ဆုံးလှုံ့ဆော်ရေးသားထားသည်ကို တွေ့ရပြီး နောက်ပိုင်းတွင် လှုံ့ဆော်ရေးသားမှုများ မတွေ့ရပေ။

နေပြည်တော် လယ်ဝေးမြို့တွင် ဖောက်ခွဲမှုများ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ၁၂-၆-၂၀၂၃ ရက်နေ့က ရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ဦး နှင့် အရပ်သားပြည်သူတစ်ဦး ကို ထိခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)