ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ ကြေးစားအကြမ်းဖက်သမားများအဖြစ် ဆောင်ရွက်နေရသည်ကို သံဝေဂရ၍ PDF အဖွဲ့ဝင် ၃ဦး ဥပဒေဘောင်အတွင်း ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ ကြေးစားအကြမ်းဖက်သမားများအဖြစ် ဆောင်ရွက်နေရသည်ကို သံဝေဂရ၍ PDF အဖွဲ့ဝင် ၃ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်




MNP ၊ ဇွန် ၂၆

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က ငွေပေး၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရန် စေခိုင်းလျက်ရှိရာ ပြည်ပြေး ဝရမ်းပြေးများ၏ အလိုဆန္ဒအတိုင်း အကြမ်းဖက်အဖွဲ့အတွင်း ပါဝင်ဆောင်ရွက်ခဲ့ရာမှ သံဝေဂရ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၃ဦးကို တာဝန်ရှိသူများက ပြန်လည်လက်ခံ၍ မိဘအုပ်ထိန်းသူများထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်ရှိ ၊ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ ‌နေ့လည်ပိုင်းက ပြစ်မှုကျူးလွန်ခြင်းမရှိသေးသော PDFအဖွဲ့ဝင် (၃)ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်၍ ဆန်နှင့်ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နစကအစိုးရအနေဖြင့် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသူများ လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိပြီး လက်နက်အပ်နှံနိုင်ခြင်း မရှိသူများကိုလည်း ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။


(ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများ၊ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အရှိသော ပြည်ဖျက်မီဒီယာများသည် ပြည်တွင်းရှိ ၎င်းတို့အား ထောက်ခံသူများကို ကြေးစား အကြမ်းဖက်သမားများအဖြစ် အသုံးချ၍ ၎င်းတို့လုပ်ကြံသတ်ဖြတ်လိုသူများကို ငွေပေးကာ သတ်ဖြတ်ခိုင်းနေပြီး နစကအစိုးရအနေဖြင့် သတ်ဖြတ်မှုများ မဖြစ်ပေါ်စေရန် အကြမ်းဖက်သမား လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက ဆုငွေများ ချီးမြှင့်ပေးနေခြင်းဖြစ်သည်။)

#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)