Pages

Pages

ကလေးမြို့၊ နည်းပညာတက္ကသိုလ်ကျောင်းအား NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံးများပစ်ချတိုက်ခိုက်



MNP ၊ ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ သာယာဝတီကျေးရွာရှိ နည်းပညာတက္ကသိုလ်အား  မနေ့က ည ၇ နာရီခန့်တွင် ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံးများချိတ်ဆွဲကာ ပစ်ချတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဒရုန်းများ ပျံသန်းလာသည်ကို လုံခြုံရေးအဖွဲ့ဝင်များက တွေ့ရှိသဖြင့် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်မှုကြောင့် ကျောင်းသားထမင်းစားဆောင် ၁ ထပ် အဆောက်အဦ ၏ သွပ်မိုး ၁ ချပ် ပျက်စီးဆုံးရှုံးခဲ့ကာ လူများ ထိခိုက်မှုမရှိကြောင်း သိရသည်။


(ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် နိုင်ငံရေးလုပ်စားသူအပေါင်းအပါများ၊ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now ကဲ့သို့သော ပြည်ဖျက်မီဒီယာများသည် လူငယ်များအား ဆန္ဒပြမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခဲ့ကြပြီး "ကျွန်တော်တို့က လူငယ်တွေပါ၊ လူငယ်တွေမှာ အနာဂတ်ရှိတယ်" ဟူသော ကြွေးကြော်သံကို ကြွေးကြော်စေခဲ့ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်၍ လူငယ်များ၏ အနာက်ဂတ်ကို တည်ဆောက်နိုင်ရန် ဆောင်ရွက်ပေးနေသည့် ကာလတလျှောက် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်၍ ဆရာ/ဆရာမများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြသည်။)

#MyanmarNationalPost 

No comments:

Post a Comment